အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေကြား နိုင်ငံရေးအခြေအနေနဲ့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ တရားမဝင် နိုင်ငံခြားသားအရေး တင်းကြပ်လာတဲ့ အိန္ဒိယအစိုးရကြောင့် မြန်မာဒုက္ခသည်တွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ India For Myanmar တာဝန်ရှိသူ ၁ ဦးက မောင်းကို ပြောပါတယ်။

လက်ရှိမှာလည်း နိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို မူလနိုင်ငံပြန်လည်ပို့ဆောင်ဖို့ အိန္ဒိယအစိုးရက တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို UNCHR ရုံးက အိန္ဒိယအစိုးရကို လွှဲပြောင်းပေးအပ်ထားတာကြောင့် UNHCR မှာ စာရင်းပေးထားတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့လိုအပ်တယ်လို့လည်း သိရတာပါ။

အိန္ဒိယအစိုးရရဲ့ ပစ်မှတ်ထားခံရနိုင်ခြေရှိသူလို့ ယူဆပါကလည်း UNHCR ကိုစာရင်းပေးထားတဲ့ လိပ်စာတွေမှာ နေထိုင်ခြင်းမပြုပဲ အခြားယုံကြည်ရတဲ့နေရာတွေမှာ ယာယီခိုလှုံနေထိုင်ကြဖို့ India For Myanmar က ဆိုပါတယ်။

ပုံစာ- အိန္ဒိယ မြန်မာ နယ်စပ်တစ်နေရာ (ပုံဟောင်း)

ပစ်မှတ်ထားခံရနိုင်ခြေနည်းသူတွေအနေနဲ့လည်း အိန္ဒိယအစိုးရက တရားဝင် အသိအမှတ်ပြုထားတဲ့ အထောက်အထားတွေမရှိဘဲ ခရီးသွားလာတာမျိုး မလုပ်ဆောင်ကြဖို့၊ UNHCR က ထုတ်ပေးထားတဲ့ ဒုက္ခသည်အထောက်အထားကတ် (UN Card) အပါအဝင် စာရွက်စာတမ်းတွေကိုလည်း အမြဲသယ်ဆောင်ထားကြဖို့၊ အခြေအနေတွေတည်ငြိမ်တဲ့အထိ ဘေးကင်းလုံခြုံစွာ နေထိုင်ကြဖို့နဲ့ မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်တာ၊ အထောက်အထားမခိုင်လုံဘဲ ရှောင်ထွက်တာမျိုးတွေ မလုပ်ကြဖို့ကိုလည်း ပြောပါတယ်။

“တစ်လလောက်အထိ အပြင်သွားတာ ခရီးသွားတာတွေရှောင်ပြီး အကောင်းဆုံးအလုံခြုံဆုံး နေထိုင်ဖို့အကြံပြုပါတယ်။ အခုက မူလနိုင်ငံပြန်ပို့ခံရတာအပြင် ပါကစ္စတန်နဲ့ပဋိပက္ခဖြစ်စဥ် ရှိထားတော့ လူထူတဲ့နေရာတွေမှာ အကြမ်းဖက်ဖြစ်စဥ် နောက်ဆက်တွဲတွေ ရှိလာနိုင်တယ်။ ဒါတွေကိုလည်းရှောင်ရှားနိုင်ဖို့ပါ” လို့ India For Myanmar တာဝန်ရှိသူ ၁ဦးကမောင်းကို ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ အိန္ဒိယကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ မြန်မာဒုက္ခသည် သောင်းနဲ့ချီရှိပြီး၊ အချို့ဟာ မဏိပူရ်နဲ့ အာသံပြည်နယ်တွေထဲမှာ ဖမ်းဆီးအကျဥ်းချခံရတာတွေနဲ့ ကြုံတွေ့နေရပါတယ်။

0 Shares:
You May Also Like
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ချီလီဖိုက်တာကို အမှတ်နဲ့ ရှုံးနိမ့်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခရိုနီ ဦးဇော်ဇော် ခန့်အပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA - Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာကလေး ၂၀၀ နီးပါး ပညာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအစိုးရ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

“အတုအယောင်” ရွေးကောက်ပွဲအပေါ် မြန်မာစစ်အုပ်စု၏ ထုတ်ပြန်ချက်ကို မလေးရှားမူဝါဒအဖွဲ့များ အပြစ်တင် အာဆီယံကို အသုံးချခံမဖြစ်စေရန် မလေးရှားအစိုးရကို သတိပေး

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။