မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မင်္ဂလာဦးရပ်ကွက် စစ်​တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ယာနဲ့ တပ်ကူလာတဲ့ စစ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။

မေလ ၂၂ ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိသလို ငွေကျပ် ၉၆ သိန်းနဲ့ လက်နက်ခဲယမ်းတချို့အပါအဝင် စစ်တပ်လက်အောက်ခံ ဝန်ထမ်း ၁၁ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုပါတယ်။

တော်လှန်ရေးတပ်တွေဟာ တောင်သာ-ကျောက်ပန်းတောင်းလမ်းပိုင်းအထွက်မှာရှိတဲ့ မင်္ဂလာဦးရပ်ကွက် စစ်တပ်အထိုင်စခန်းနဲ့ ဘူတာကုန်းရပ်ကွက်က ဝန်ထမ်းအိမ်ရာတို့ကို တပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကွန်ကရစ်ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာပြုလုပ်ထားတဲ့  မင်္ဂလာဦးစစ်တပ်ဂိတ်စခန်းဟာ တောင်သာမြို့အတွင်း အရပ်သားတွေကို ဆက်ကြေးကောက် ငွေတောင်းခံရာ ဂိတ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

မင်္ဂလာဦးဂိတ်ကို စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ဂိတ်ကို စွန့်ခွာထွက်ပြေးသွားကြကြောင်း၊ ဂိတ်တဲတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်သာပကဖက ပြောပါတယ်။

ဂိတ်အတွင်းကနေ ငွေကျပ် ၉၆ သိန်းနဲ့အတူ အတို ၁-လက်၊ ကျည် ၁၅၀၈ တောင့်၊ MA1 ကျည်ဘောက် ၄ ခု၊ G3ကျည်ဘောက် ၂ ခုတို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။ 

ဒါ့အပြင် မဂ်လာဦးဂိတ်ဆီ စစ်ကူလာတဲ့ စစ်အုပ်စုကားနဲ့လည်း ထိတွေ့မှုထပ်မံဖြစ်ပွားပြီး စစ်သားနဲ့ ရဲ ၂ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက် ဝန်ထမ်းအိမ်ရာကို စီးနင်းရာမှာတော့ စစ်ကောင်စီထောက်တိုင် ဝန်ထမ်း ၁၁ ယောက်ကို အကြမ်းဖက်ယန္တရားရပ်တန့်ရေးအတွက် ဖမ်းဆီးခဲ့တယ်လို့ တောင်သာပကဖက ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ရေးဖော်ဆောင်မှုတွေကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာပကဖ) နဲ့အတူ မိတ္ထီလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တပ်ရင်းမူး ရဲဘော်ကီး ဦးဆောင်တဲ့ နေပြည်တော် PDF အမှတ် (၈၀၁) တောင်သာ စစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

မေလ ၁၅ ရက်နေ့ကစလို့ မြင်းခြံခရိုင်အတွင်းက မြင်းခြံ၊ နွားထိုးကြီးနဲ့တောင်သာမြို့နယ်တွေမှာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်တွေက စစ်အုပ်စုစခန်းတွေကို အရှိန်အဟုန်မြှင့်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

တောင်သာပကဖမှ ထုတ်ပြန်ထားသည့် မင်္ဂလာဦးစစ်တပ်ဂိတ် တိုက်ခိုက်ခဲ့ပုံများ (ဓာတ်ပုံ တောင်သာမြို့နယ် ပကဖ)

0 Shares:
You May Also Like
Read More

ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဌနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံတို့ကို တာဝန်ကနေ ထုတ်ပယ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အောင်ပြည့်စုံဖြိုးနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ရှိုင်းဝဏ္ဏအောင်တို့ကို ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တာဝန်ကနေ ထုတ်ပယ်အရေးယူလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်၊ ပေါက်နဲ့ ပခုက္ကူတို့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့မှုတွေအကြောင်း မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူဒေသတွင်းက မြိုင်နဲ့ ပေါက်တို့မှာ ထိတွေ့မှု ကြီး၊ ငယ်ဖြစ်ပွားခဲ့တာတွေကို မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

မြောက်ဦးမှာ တရားမဝင် ပြင်ပအရက်၊ ဘီယာ ရောင်းချတာတွေကို ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) ဝင်ရောက်ဖမ်းဆီး 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။