ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတွေ တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ PDF Pekhon က ထုတ်ပြန်ထားပါတယ်။

မေလ ၇ ရက်ကနေ မေလ ၂၆ ရက်အထိ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်းမကျစေရေး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူတဲ့တွေကြားကနေ တော်လှန်ရေးတပ်တွေက စခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သြစတြေးလျနိုင်ငံ ဘွန်ဒီကမ်းခြေမှာ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဂျူး ဟာနူကာပွဲတော်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။
Read More

စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ နီးပါး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အမျာအပြားသေခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူမြို့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု လေတပ်အရာရှိ ၅ ဦး အပါအဝင် ၁၁ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီတပ်ရဲ့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကာ အပျက်အစီးလည်း များပြားခဲ့တယ်လို့  Brave Warriors for Myanmar (BWM) က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

Pakokku People Defense Force မှ ထုတ်ပြန်သည့် စက်တပ်လေထီး သိမ်းဆည်းရရှိမှု ရုပ်သံဖိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင်ကို Pakokku People Defense Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည်ဟု သားဖြစ်သူ ပြော (ရုပ်/သံ)

အသက် (၈၀) ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ သားဖြစ်သူ Kim Aris - Htein Lin က ပြောပါတယ်။
Read More

ထန်းလှီးဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကနေ ထန်းလှီးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက်အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ထံက သိရပါတယ်။