ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး – KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁)ရက်ကနေ (၂၈)ရက်အထိ ညောင်လေးပင်ခရိုင်အတွင်း ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၂၆၁)ရွာ ရေလွှမ်းမိုးခံခဲ့ရပြီး လယ်သမား စုစုပေါင်း (၄,၃၃၀) ရဲ့ စပါးစိုက်ပျိုးတဲ့ လယ်ဧကပေါင်း ၃၉၇၃၄.၇၆ ဧက အနက် ၂၀၈၉၇.၂၁ ဧက ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပျက်စီးသွားတဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို ညောင်လေးပင်ခရိုင် လယ်ယာ စိုက်ပျိုးရေးဌာနက စာရင်းပြုစုခဲ့ရာ မြေဧကပေါင်း ၄၀၅.၈ ဧကရှိပြီး သူတို့အတွက် မျိုစပါး (၁,၂၁၉) တင်းနဲ့ ဓာတ်ဆီဂါလံပေါင်း (၈၁၂) ဂါလံ  လိုအပ်နေတယ်လို့ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင်၊ လယ်ယာစိုက်ပျိုးရေးဌာနက စက်တင်ဘာလ (၁၉) ရက်ကစလို ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် လယ်ယာ ပျက်စီးမှုတွေထဲက ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေ လိုအပ်တဲ့ မျိုးစပါးတွေကို စတင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၀) ရက်က စတင်ကာ အခုချိန်အထိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ ဒုတိယအကြိမ် ရေကြီးရေလျှံမှုဟာ ပထမအကြိမ် ရေကြီးရေလျှံမှုထက် လယ်စပါးစိုက်ခင်းတွေ ပိုပျက်စီးခဲ့သလို ထပ်တိုးပျက်စီးတဲ့ လယ်ဧကတွေကို KNU ညောင်လေးပင်ခရိုင် ၊ လယ်ယာစိုက်ပျိုးရေးဌာနက စာရင်း ပြုစုနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ − KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါး ပေးအပ်နေတဲ့ ပုံရိပ်များ

0 Shares:
You May Also Like
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ လူမှုအကျပ်အတည်းတွေကိုပါ ခံစားနေရဟု UNOCHA က ထုတ်ပြန်

မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် လူမှုအကျပ်အတည်းမျိုးစုံ တပြိုင်နက်တည်း ရင်ဆိုင်ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကအသိပေးထုတ်ပြန်ပါတယ်။ 
Read More

တော်လှန်ရေးစိုးမိုးနယ်မြေထဲ လူသားဒိုင်းလုပ် ဝင်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အသည်းအသန်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်လုပ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ အသည်းအသန် ဆုတ်ခွာထွက်ပြေးသွားရကြောင်း ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

မြောင်လမ်းခွဲတွင် ပိုက်ဆံကောက်ရန် ထွက်လာသည့် စစ်အုပ်စုကား မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြောင်လမ်းခွဲ အထိုင်စခန်းမှာ ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
Read More

သဲကုန်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၃ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့  စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်ဘက်က ၁၃ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် စစ်ရေးတာဝန်ခံထံက သိရပါတယ်။