မန္တလေးတိုင်း၊ တောင်သာမြို့နယ် Off-Take Gas Station မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပကဖ၊ တောင်သာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၂ ရက် ညနေပိုင်းက Off-Take Gas Station မှာ စောင့်ကြပ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ရဲ ၂ ယောက်သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း(၃)၊ မိတ္ထီလာမြို့နယ်ပကဖ၊ တပ်ရင်းမှူးရဲဘော်ကီးဦးဆောင်တဲ့ နေပြည်တော်(၈၀၁) PDF တောင်သာစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေ့မနက်ပိုင်းကလည်း  9/A Nyar Myae Operation အဖြစ် တောင်သာမြို့၊ မင်္ဂလာဦးရပ် မင်္ဂလာဦးဂိတ်နဲ့ တောင်သာမြို့၊ ဘူတာကုန်းရပ် ဝန်ထမ်းအိမ်ယာဝန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Video – ပကဖ၊ တောင်သာမြို့နယ်၊ NUG

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်း ရိက္ခာအတွက် အစားအသောက်ခိုးယူနေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြောင်က ကျောက်ရစ်စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Anyar Federal Task Force (A F T F) မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 
Read More

ရန်ကုန်မြို့ စည်ကားတဲ့ တစ်နေရာမှာ ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေးစကားများ ဘလူးတုဘောက်စ်နဲ့ မျှဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စည်းကားတဲ့ တစ်နေရာတစ်ခုမှာ စစ်အာဏာသိမ်း ၄ ပြည့်အဖြစ် ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေး စကားတွေကို ဘလူးတုဘောက်စ်နဲ့ မျှဝေခဲ့တယ်လို့ General Strike Committee ထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဆားဂွန်းဂိတ်ကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်အထိုင်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Six Senses Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် PDF ရဲဘော် ၃ ဦး၏ နာရေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ PDF ရဲဘော် ၃ ယောက်ရဲ့ နာရေးစျာပန ပြုလုပ်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံက သိရပါတယ်။