ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို မေလ ၂၈ ရက် မနေ့ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကနဲလေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တွေက မေလ ၂၁ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး မေလ ၂၈ ရက် ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို ( ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်တဲ့ ရုပ်သံကို UK in Myanmar က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

SSNDF / KNDF B-103 က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သင်တန်းသား ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီး စခန်းအချို့ လက်လွှတ်ခဲ့ရ (ရုပ်/သံ)

နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ် မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သထုံခရိုင်အတွင်း KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား (ရုပ်/သံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၉ ဦး သေ (ရုပ်/သံ)

မေလ ၇ ရက် မနက်ပိုင်းက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်း (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။