ပြည်ပကို ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင် ကျားပေါက်(ဟန်ထူးလွင်)ရဲ့ ပန်းချီကား ကို။ USD  10,000 နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည် ရေဘေးအတွက် ရည်ရွယ်ပြီးပြုလုပ်တဲ့ အလှူလေလံ ကျားပေါက်ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ပန်းချီကားဟာ USD 10,000 ထိ လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။

လေလံအောင်မြင်သွားသူဟာ အမေရိကန်နိုင်ငံ Los Angeles က ဖြစ်ပြီး မကြာခဏ တော်လှန်ရေးလုပ်ငန်းတွေမှာကူညီအားဖြည့်နေတဲ့သူလို့လည်းဆိုပါတယ်။

မြန်မာပြည် ရေဘေးအတွက် ရည်ရွယ်ပြီး Artist ကျားပေါက် ရေးဆွဲထားတဲ့ Mother Nature (II) အမည်ရှိ ပန်းချီကားကို ကြမ်းခင်းစျေး USD 1,000 နဲ့ စက်တင်ဘာ ၁၅ရက်က စတင်ခဲ့တာဖြစ်ပါတယ်။

ပန်းချီကားကနေ ရရှိလာတဲ့ငွေကြေးတွေကိုတော့ ရေဘေးသင့်နဲ့ စစ်ဘေးရှောင်ဒေသတွေမှာ အဓိကလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PRA -Magway ၏ ၄လတာ စစ်ရေးဖော်ဆောင်မှုတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူအပါ ၆၀ ကျော် သေဆုံး၊ ၁၈ ဦး ဖမ်းမိခဲ့

ဇန်နဝါရီလကနေ ဧပြီလအတွင်း ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးသီဟအောင် အပါအဝင် သေဆုံးသူ ၆၀ ကျော်အထိရှိခဲ့ပြီး ဗိုလ်ကြီး အောင်ငြိမ်းချမ်း၊ ဗိုလ်ကြီး တင်ကိုထက်အပါအဝင် စစ်သုံ့ပန်း ၁၈ယောက်အထိ ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတိအင်အားစု PRA - Magway တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

ဇူလိုင်လမှ အောက်တိုဘာလအထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၁၈၀ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင် ၁ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ရက်ပေါင်း ၁၀၉ ရက်အတွင်း အမျိုးသမီး အယောက် ၁၈၀ သေဆုံးခဲ့ရာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ၊ ကြူကြူလှနှင့် စစ်အရာရှိများ သိက္ခာကျဆင်းအောင် ပြောဆိုရေးသားမှုအတွက် အမှုဖွင့်ခံထားရကြောင်း သတင်းထွက်

သမီးဆိုး’ လို့ လူသိများတဲ့ အွန်လိုင်းဆယ်လီ သက်ကိုကိုဟာ အောက်တိုဘာ ၁၂ရက် ဒီနေ့လယ်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တချို့ဆီက သိရပါတယ်။
Read More

ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အခြေစိုက် မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။