အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တပ်ရင်း အမှတ် (၄) က စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သရက်ခရိုင် တပ်ရင်း ၄ ရဲဘော်တွေအနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတွေက ပြည်သူလူထုနဲ့ တွေ့ဆုံပြီး လက်ရှိတော်လှန်ရေး စစ်ရေးအခြေအနေတွေကို ဆွေးနွေးတင် ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါဒေသတွေက ကျေးရွာချင်းဆက်လမ်းပိုင်းတွေကို ဒေသခံလူထုနဲ့ ပူးပေါင်းပြင်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၄ က ဆိုပါတယ်။

သရက်ခရိုင်အမှတ် (၄)တပ်ရင်းရဲ့ စစ်ရေးလှုပ်ရှားရာ ဒေသအတွင်းရှိ ပြည်သူတွေကို လက်ရှိတော်လှန်ရေး စစ်ရေးအခြေအနေတွေ ဆွေးနွေးတင်ပြခဲ့ပြီး ပြည်သူတွေကနေ ပေါက်ဖွားလာတဲ့ ပြည်သူဘက်တော်သားတွေ ဖြစ်တာကြောင့် ပြည်သူနဲ့ တစ်သားတည်းရှိနေသလို အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ တွန်းလှန်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တောင်သာ – မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ကြာ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မောင်တောမှာ AA မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

ဟားခါးမြို့နယ်တွင် PDF တပ်ရင်းမှူး ထောက်ခံစာဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် တော်လှန်ရေးရဲဘော် ၃ ဦးအပါ ၅ ဦးကို CDF-Hakha ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို PDF တပ်ရင်းမှူး ထောက်ခံစာနဲ့အတူ သယ်ယူလာတဲ့ တော်လှန်ရေးရဲဘော် ၃ ယောက်အပါအဝင် ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးမဟာမိတ်အဖွဲ့များကို တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနား ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ၈ နာရီကြာ တိုက်ပွဲဖြစ်ပွား 

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ၈နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စစ်ကောင်စီရဲ့ ရွှေစျေးနှုန်းထိန်းချုပ်ရေးက မှောင်ခိုစျေးကွက်ကိုသာ ကြီးထွားစေနိုင်

စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။