မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ စစ်ကောင်စီတပ်သားတွေရဲ့ အထိုင်ချနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၈ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၅ ရက် မနက်ပိုင်းမှာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် မြင်းခြံမြို့ရှိ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ အမှတ် (၁၈) ရပ်ကွက် ဇီးခြံကာကင်းဂိတ်စခန်းနဲ့ အမှတ် (၁၈) ရပ်ကွက် စကားဝါကာကင်းဂိတ်စခန်းတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြို့တွင်းစစ်ရေးပစ်မှတ် ၄ ခုကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ယောက်၊ ပျူစောထီး ၇ ယောက်၊ စုစုပေါင်း ၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို MBTတပ်ဖွဲ့နဲ့အတူ Burmese Guerrilla force (BGF)၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Myingyan Black Tiger မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းအနေနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေကို ပြုလုပ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ထားပါတယ်။

Video-Myingyan Black Tiger
0 Shares:
You May Also Like
Read More

ငဖဲက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ စာသင်ခန်း (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ စာသင်ခန်းမြင်ကွင်းတွေကို ACDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ်မြို့ ရေကြီး‌ရေလျှံမှုကြောင့် နေအိမ်အချို့ပျက်စီးကာ လမ်းအက်ကွဲမှုများ ဖြစ်ပေါ်နေ (ရုပ်/သံ)

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့မှာ ဇွန်လ ၂၆ ရက်နဲ့ ဒီနေ့ ဇွန်လ ၂၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနဲ့ ခလရ ၁၀၄ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်း ရဲဘော်များကို ပြည်သူများ ကြိုဆိုခဲ့ကြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေနဲ့ အညာမြေကို ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်း‌သောင်းဖြဖြ ကြိုဆိုနေတဲ့ မှတ်တမ်းရုပ်သံကို MC - KC DF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆိုင်း‌တောင် Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံး (ရုပ်/သံ) အောက်တိုဘာ ၈၊ ၂၀၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့ အောက်တိုဘာ ၈ ရက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အတွက် အများအပြားသေဆုံးကာ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။