မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို Cobra Column စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။

မေလ ၂၇ ရက်၊ မနေ့ညကစပြီး ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွါးနေခဲ့တာပါ။

စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီး အယောက် ၃၀ ဖမ်းဆီးရမိကာ အများအပြားသေဆုံးသွားတယ်လို့ သိရပါတယ်။

Video-Thoolei Poe
0 Shares:
You May Also Like
Read More

ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအတွင်း Sky Villa ကွန်ဒို အပေါ်ဆုံးထပ် ရောက်ရှိနေသူများ (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးမြို့ Sky Villa ကွန်ဒိုအပေါ်ဆုံးထပ်မှာ လူတချို့ရှိနေခဲ့ပြီး သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ဖားကန့်မြို့ နမ့်မှော်ရွာမှာ နွံကန်ပေါက်ကျပြီး လူနေအိမ်များ နစ်မြုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ နမ့်မှော်ရွာအနီးမှာ မတ်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက နွံကန်ပေါက်မှု ဖြစ်ပွားပြီး ကျေးရွာအတွင်း စီးဝင်ကာ လူနေအိမ်တွေ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

BIMSTEC ကျင်းပရာ ဟော်တယ်အတွင်း ကျောင်းသားတစ်ဦး စစ်ခေါင်းဆောင်ကို မင်းအောင်လှိုင်ကို သွားရောက်ဆန္ဒပြ

ယနေ့ မတ်လ ၄ ရက် ညနေ ၄ နာရီခွဲခန့်က   “ပုန်း" (အမည်လွှဲ) လို့အမည်ရတဲ့ တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးဟာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေတဲ့ ဘန်ကောက်မြို့၊ ရှန်ဂရီလာဟိုတယ်မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေး တပ်မတော် (NPT-PDF) ၏ ပထမအကြိမ် တပ်မှူးငယ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။