မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုခဲ့သလို နေအိမ်အလုံး ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သက်ကြီးပိုင်းတွေ အပါအဝင် အရပ်သား ၆ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ ပခုက္ကူ တပ်မ ၁၀၁ အပါအဝင် မကွေးတပ်မ ၈၈၊ ခလရ ၂၅၃၊ ၂၅၄ ၊ ၂၅၅ တို့ပါဝင်ပြီး မေလ ၁၁ရက်နေ့က စတင်ကာ စလင်း- ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီက စလင်းမြို့နယ် အနောက်ကန်ဘောင်ကျေးရွာကနေ ဝမ်းပြည့်-အောက်လှိုင်း ကျေးရွာကို တစ်​ကြောင်း၊ မြေနီကုန်းကျေးရွာဘက်ကနေ တစ်ကြောင်းစတဲ့ စစ်ကြောင်း၂ခုနဲ့အတူ ပိန္ဒဲပင်၊ အောက်လှိုင်း၊ ငါးလင်ပန်းကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၈ရက်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၁ရက်နေ့မှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ အသုံးပြုကာ စလင်းချောင်းတောင်ဖက်၊မြောက်ဖက်မှာရှိတဲ့ ငါးသန်းခေါင်၊ ဂွေးကုန်းနဲ့ ထနောင်းကုန်း ကျေးရွာ​တွေဆီ​ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ရင်း ဂွေးကုန်းကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက် မေလ ၂၂ရက်နေ့မနက်ပိုင်းမှာလည်း Bamar Army နဲ့ စလင်းပကဖ ချောင်းတောင်ဘက်ပွိုင့်​တို့ပေါင်းပြီး ထနောင်းကုန်းရွာရောက် စစ်အုပ်စုတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်အုပ်စုတွေဆုတ်ခွာသွားတဲ့ ဂွေးကုန်းရွာကိုလည်း အင်အားအလုံးရင်းနဲ့ ထပ်မံ ဝင်​ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက် အထိအခိုက်များတာကြောင့် လေကြောင်းပစ်ကူသုံးရင်း ဂွေးကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။

မေလ ၂၃ရက်နေ့မှာလည်း စနေချောင်ရွာကိုဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၂ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီက စနေချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

မေလ ၂၄ရက်နေ့မှာ အိုးသည်ရွာကို စစ်ကြောင်း၂ခုခွဲဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်က အထိခိုက်များခဲ့သလို Yenanthar Column တပ်ဖွဲ့ဝင်၁ယောက်ကျဆုံးခဲ့ကြောင်း၊ စလင်းပကဖတပ်ဖွဲ့ဝင်၁ယောက်လည်း ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း သိရပါတယ်။
“ဗမာ့တပ်တော်အနေနဲ့ ၂၂၊ ၂၃၊ ၂၄၊ ၂၅ရက်နေ့တွေမှာ ထိတွေ့တိုက်ပွဲတွေဆင်နွှဲခဲ့ပါတယ်။ ၂၃ ရက်နေ့ ဂွေးကုန်းရွာထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကတော့ ပြင်းတယ်။ အိမ်တွေအကာအကွယ်ယူပြီး ပစ်ကြတာဗျ။ တစ်ဘက်နဲ့တစ်ဘက်က ပေ၃၀လောက်ပဲ ကွာတယ်ဗျ။ သူတင်ကိုယ်တင်ပစ်ကြတာ။ အချိန်လည်း တော်တော်ကြာကြာ တိုက်လိုက်ရတယ်။ စခ ဘက်ကလည်း တော်တော်အကျများတယ်။ အဲဒါကြောင့် လေယာဉ်ပစ်ကူနဲ့ သူတို့ဘက်က ပစ်လာတယ်ဗျ။ လေယာဉ်လာတော့ ကျနော်တို့ရဲဘော်တွေလည်း ခွါစစ်ပြန်ပြင်ရတာပေါ့။ အထိအခိုက်တော့ မရှိခဲ့ပါဘူး”လို့ ဗမာ့တပ်တော် (BA) ရဲ့ ပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထွန်းက မောင်းကိုပြောပါတယ်။

မေလ ၂၅ရက်နေ့မှာတော့ အထက်ပါအကြမ်းဖက်စစ်ကြောင်းဟာ အိုးသည်ရွာကနေ လင်းဇင်စခန်းဆီပြန်ပြီး ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ပုံစာ – စလင်းမြို့နယ် တိုက်ပွဲများအတွင်း ပါဝင်တိုက်ခိုက်နေသည့် စလင်းပကဖ၊ ဗမာ့တပ်တော်နှင့် ကျဆုံးခဲ့သည့် Yenanthar Column တပ်ဖွဲ့ဝင်၁ဦး
0 Shares:
You May Also Like
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရိက္ခာထုပ် ထွက်ကောက်တဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီ လေယာဥ်က ချပေးတဲ့ ရိက္ခာထုပ်ထွက်ယူတဲ့ ကန်နီရွာ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက် သေဆုံးကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ကသာမြို့သိမ်းတိုက်ပွဲဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စု လေကြောင်း​က အဆက်မပြတ်ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရသလို စစ်အုပ်စုကအဆက် မပြတ် ဗုံးကြဲနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေ အသီးသီးထုတ်ပြန်တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC အနေနဲ့ အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးနိုင်ဖို့ တောင်းဆိုတိုက်တွန်းလိုက်ကြောင်း မန္တလေး အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။