ဓာတ်ပုံ – ရေးဘီလူး
မွန်ဒေသထဲက ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ပြီးခဲ့တဲ့ ၅ လတာအတွင်း စောင့်ရှောက်မှုပေးခဲ့တာကြောင့် ဒေသခံတွေက ရေးဘီဘူးအဖွဲ့ကို ဖိတ်ကြားပြီး ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
“ကျေးရွာတွေကို ကာကင်းပေးတယ်။ လုံခြုံမှု အပြည့်အ၀ပေးတယ်။ ပြီးတော့ ရွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာလည်း ကူညီပေးနိုင်တဲ့ အပိုင်းတွေကို အတတ်နိုင်ဆုံး ကူညီပေးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ကို ဖိတ်ကြားပြီး ဒီလိုပွဲလေးလုပ်ဖြစ်တယ်။” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မောင်းသတင်းဌာနကို ပြောပါတယ်။
သူကပဲ ဆက်လက်ပြီး “ဒီလို ဖိတ်ကြားခံရတာ အရမ်း၀မ်းသာပါတယ်။ ကိုယ့်ရဲ့ မွန်လူလဲ ဖြစ်တာကြောင့် အရမ်းကိုလည်း အားရှိတယ်လေ။ ကိုယ်တွေ အပင်ပန်းခံပြီး ဒီလိုမြင်ကွင်းမျိုးတွေ မြင်ရတာဟာ အရမ်းကို ပီတီဖြစ်မိပါတယ်။ နောက်လည်း ဒီဒေသတွေကို ကာကွယ်ပြီး ဖွံ့ဖြိုးတိုက်တက်အောင်လည်း ဆောင်ရွက်သွားပါမယ်။” လို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ဆားတောင်တွင် အကြမ်းဖက်စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိကာ လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အစပ်နဲ့ ဆားတောင်မြို့ အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ဖားအံမြို့၊ သံလွင်တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်မှာ တစ်ပတ်အတွင်း ခရီးသွားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရ…

ကရင်ပြည်နယ်၊ ဖားအံမြို့က သံလွင်တံတားရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရှာဖွေမှု ပြုလုပ်ပြီးနောက် စစ်သားသစ်အဖြစ် ပေါ်တာဆွဲခံရသူအရေအတွက်က တစ်ပတ်တာအတွင်းမှာပဲ လူဦးရေ ၁၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ အဆိုပါအကြမ်းဖက်စစ်တပ်ဂိတ်နဲ့​ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

နိုင်ငံ၏ အရှုပ်အထွေးများကို ဖြေရှင်းရန် စီမံချက်များ အသင့်ရှိနေပြီဟု စစ်ထွက်အများစု ပါဝင်သည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြော

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီမှာ လုပ်ကိုင်နေသည့် ဝန်ထမ်းများ နေထိုင်ရာကျေးရွာအတွင်း “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားများ ကပ်ကာ လူထုလှုပ်ရှားမှု ပြုလုပ်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ နေထိုင်ရာ ကျေးရွာတစ်ရွာမှာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကပ်ပြီး လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ၅/ဆလက လူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်ဆီက သိရပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

ဆောမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။