အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) တပ်ဖွဲ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အတွင်းလူ(သူလျှို၊ ဒလန်) တွေ စေလွှတ်ပြီး အသွင်ယူထောက်လှမ်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ အခြေမလှတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း သူလျှို၊ ဒလန်တွေ စိမ့်ဝင်စေကာ သတင်းအချက်အလက် ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ MDY-PDF က ဆိုပါတယ်။

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် MDY-PDF ဆီ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ စေလွှတ်ထားတဲ့ သူလျှို၊ ဒလန်တွေဟာ ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာပြီး အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါသူလျှိုတွေနဲ့ ဒလန်တွေဟာ တပ်သားစုဆောင်းရေးကာလအတွင်း အခြားလူငယ်တွေနဲ့ ရင်းနှီးမှုရရှိအောင် စနစ်တကျလုပ်ဆောင်ခဲ့ပြီး အမည်အရင်း၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေ တောင်းယူစုဆောင်းခဲ့သလို တပ်ကနေ စွန့်ခွာစေမယ့် အတွေးအခေါ်တွေပါ ဖြန့်ဝေခဲ့ပြီး တပ်ဖွဲ့ရဲ့ ရနိုင်သမျှ သတင်းအချက်အလက်တွေကို စုဆောင်းကာ တပ်ပြေးအဖြစ် စွန့်ခွာသွားတယ်လို့ MDY-PDF က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ သူလျှိုတွေဟာ တပ်ပြေးပြီးနောက်ပိုင်းမှာလည်း ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ တပ်ပြေးအောင် လှုံ့ဆော်တာတွေ ရှိသလို တပ်ကနေ စွန့်ခွာရမယ့် လမ်းကြောင်းတွေကိုပါ ပြသပေးနေပြီး တော်လှန်ရေးအင်အားစုတွေကြား စည်းလုံးမှု ပြိုကွဲအောင် လုပ်ဆောင်ကာ စစ်ရေးအသာရရှိအောင် ကြိုးပမ်းလာတာကို တွေ့ရတယ်လို့ MDY-PDF က ဆိုပါတယ်။

စစ်ကောင်စီရဲ့ စနစ်တကျ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဆိုပါ စစ်ဆင်ရေးအသွင် ထောက်လှမ်းရေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) က ဗိုလ်မှူး ဒါမှမဟုတ် ဗိုလ်ကြီးလို့ ယူဆရတဲ့ စစ်ကောင်စီအရာရှိတစ်ယောက်က ကြိုးကိုင်ကြီးကြပ်ကာ အနီးကပ် လမ်းညွှန်မှုတွေ ပေးခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ အသွင်ယူထောက်လှမ်းမှုကို ခံခဲ့ရတဲ့ ​MDY-PDF အနေနဲ့ အချိန်မှီသိရှိခဲ့ပြီး တန်ပြန်ထောက်လှမ်းရေးလုပ်ဆောင်ကာ စစ်ကောင်စီရဲ့ ထောက်လှမ်းရေးယန္တရားလည်ပတ်ပုံကို စောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

MDY-PDF ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီရဲ့ သူလျှိုဒလန်တွေဟာ MDY-PDF တပ်ဖွဲ့အတွင်း အခြေခံစစ်ပညာ သင်တန်းဆရာ၊ ဆေးတပ်ဖွဲ့၊ ပြည်သူ့ရေးရာဌာနကြီးနဲ့ အမျိုးသမီးတပ်ရင်း၊ ရှေ့တန်းစစ်မြေပြင်နဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ သတင်းအချက်အလက်တွေကို စုံစမ်းထောက်လှမ်းရယူခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့တပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် စစ်တပ်ထောက်ခံသူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေမှာ အသွင်ယူဝင်ရောက်စေကာ တည်နေရာတွေ ရယူတာ၊ အချင်းချင်း သွေးကွဲစေဖို့ အခြေအနေ ဖန်တီးတာနဲ့ တပ်ကနေ စွန့်ခွာထွက်ပြေးဖို့ သွေးထိုးစည်းရုံးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီက ဒလန်၊ သူလျှိတွေ တပ်ဖွဲ့အတွင်း စေလွှတ်ထားနိုင်တာကြောင့် အထူးသတိပြုဖို့ MDY-PDF က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားရယူပေးခဲ့

စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံ ရယူပေးခဲ့ပါတယ်။
Read More

၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို

ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် စစ်ရေးလှုပ်ရှားလာတာကြောင့် KTLA တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ကော်သူလေးတပ်ဖွဲ့ KTLA တပ်ဖွဲ့၊ စစ်ကြောင်း ၂ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 
Read More

ကန့်ဘလူခရိုင် ပအဖ တာဝန်ရှိသူတွေက ခရိုင်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ခရိုင် ပအဖအတွင်းရေးမှူး၊ မြို့နယ်ပအဖအတွင်းရေးမှူး၊ မြို့နယ်လူ့အခွင့်ရေးတာဝန်ခံ၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး၊ တိုက်နယ်လူသားစာနာတာဝန်ခံတို့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေနဲ့အတူ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။