ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ဟာ မေလ ၂၂ ရက်က ဘောလခဲမြို့နယ် ဗျူဟာကုန်း သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ DMO Local PDF က ဆိုပါတယ်။

ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ ဈာပန အခမ်းအနားမှာတော့ ပြည်သူတွေ၊ တပ်ရင်းတပ်ဖွဲ့က ရဲဘော်ရဲမေတွေ၊ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ လာရောက်ဆုတောင်းဂါရဝပြုခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ယောက်ကို သတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရေစကြိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီ – မောတောင်လမ်းပိုင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး လေ​ယာဥ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ- မောတောင် လမ်းပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ရင်း စစ်ကြောင်းထိုးနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ၃ နှစ်ပြည့် ဆွမ်းကျွေးအမျှဝေအလှူ… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက်၊ ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံး ရဲ‌‌‌ဘော် ၂ ယောက်ရဲ့ (၃) နှစ်ပြည့် ဆွမ်းကျွေး အမျှပေးဝေအလှူ ပြုလုပ်ခဲ့တယ်လို့ Khut Daung Company Saw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) မှ ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်၏ ရက်လည် ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) က ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်ကို ရည်စူးပြီး ရက်လည် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။