စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။

မေလ ၂၃ရက် ညပိုင်းကဖြစ်ပွားခဲ့တဲ့ အဲ့ဒီဖြစ်စဥ်ဟာ ဝက်လက်နယ်၊ ရွာသာကြီးတိုက်နယ်၊ ရွှေဂျိုးဖြူရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးပတ်ဝန်းကျင်ကနေ သေနတ်သံတွေ ကြားခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်လုပ်ကြံခံရသူတွေဟာ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံးအဖွဲ့မှူး ဦးမျိုးအောင်ကိုနဲ့ ညီမတော်စပ်သူတို့ဖြစ်ပြီး စစ်အုပ်စုက လုပ်ကြံသတ်ဖြတ်သွားတာလို့လည်း ဆိုကြပါတယ်။

ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူကတော့ ပအဖရုံးအဖွဲ့မှူးကို စစ်အုပ်စုသတ်ဖြတ်တယ်ဆိုတာ ရာနှုန်းပြည့် မမှန်နိုင်ဘူးလို့ ပြောပါတယ်။

“၂၃ရက်နေ့ ည ၁၂နာရီလောက်မှာ သေနတ်သံတွေကြားတယ်လို့ အနီးနား ဒေသခံတွေ ပြောတယ်။ ရွာသာကြီးကျေးရွာမှာ ထိုင်တဲ့ စကစက လာသတ်တယ်ဆိုရင်လည်း စစ်တပ်လော်ဘီချန်နယ်တွေမှာ တက်လာပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် လုပ်ကြံခံရတာပါ။ နောက်ပြီး အခြားသတင်းတွေမှာ ဖော်ပြနေသလို အမျိုးသမီးက ပအဖရုံးအဖွဲ့မှူးနဲ့ ညီမဝမ်းကွဲဆက်ဆံရေးမဟုတ်ပါဘူး” လို့ ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေထဲက လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ၄ကြိမ်အထိရှိပြီဖြစ်ပြီး ​ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်​ချက်တွေကြောင့် ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းကို စစ်ကောင်စီ တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းတိုက်ခိုက်၊ မိသားစုဝင် ၄ ဦးနှင့် ကလေးငယ်များအပါ ၆ ဦး သေဆုံးပြီး  ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ဆီက သိရပါတယ် ။
Read More

မံစီက သိမ်းပိုက်ရရှိတဲ့စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေမှာ KIO/KIA အလံတွေကို စတင်လွှင့်ထူ

ကချင်ပြည်နယ်၊ မံစီမြို့ ကို KIA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ကာ KIO/KIA အလံတွေကို လွှင့်ထူထားတဲ့ ဓာတ်ပုံတွေကို စစ်ရေးသတင်းအရင်းအမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

တင်းမာမှုတွေကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေးမှုရှိလာ…

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
Read More

ပဲခူးတိုင်းအရှေ့ပိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးနေ

မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမှာ ကျဆုံးခဲ့တဲ့ KNDF ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား

ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။