အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။

ဦးဘိုဘိုငယ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်အဖြစ် ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် ခိုင်မာစွာဆက်လက်တိုက်ပွဲဝင်နေမှုကြောင့် အခုလို ဆုပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဦးဘိုဘိုငယ်ဟာ Bard ကောလိပ်ကနေ BA ဘွဲ့၊ ဂျွန်ဟော့ကင်းတက္ကသိုလ်က စီးပွားရေးဆိုင်ရာမဟာဘွဲ့နဲ့ ဗြိတိန်နိုင်ငံကနေ စီးပွားရေးဆိုင်ရာပါရဂူဘွဲ့ရရှိထားသူဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အရဲရင့်ဆုံးနဲ့ အကြီးကျယ်ဆုံး စီးပွားရေး ပြုပြင်ပြောင်းလဲရေးသမား ဒေါက်တာဘိုဘိုငယ်ကို Laszo Z. Bito Award for Humanitarian Service ဆုတံဆိပ် ချီးမြှင့်လိုက်ပါပြီ။ ကျနော် တွေ့ဖူးသမျှတွေထဲမှာ သူဟာ အကြီးမြတ်ဆုံးလူသားတစ်ယောက်ဖြစ်ပြီး၊ သူ့ရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ သတ္တိကြောင့်ပဲ သူဟာ မြန်မာနိုင်ငံရဲ့ထောင်ထဲမှာ ဒုက္ခဆင်းရဲကို ကြံ့ကြံခိုင်ရင်ဆိုင်နေသူလည်း ဖြစ်ပါတယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး မစ္စတာ ရှောင်တာနယ်က ပြောပါတယ်။

၈၈ အရေးတော်ပုံမှာလည်း ပါဝင်လှုပ်ရှားခဲ့တဲ့ ဦးဘိုဘိုငယ်ဟာ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ထောင်မှလွတ်ပြီးနောက်ပိုင်း ပြည်ပကို ထွက်ခွာကာ အလုပ်လုပ်ရင်း တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ မဖြစ်ခင်က NLD ပါတီရဲ့ စီးပွားရေးကော်မတီမှာ ဘဏ်ပညာရှင်အနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ဦးဘိုဘိုငယ်ကို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

ရှမ်းတောင်မှာ PNLA နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်၊ ပဋိပက္ခများ ပိုတိုးလာနိုင်သည့် ရွေးကောက်ပွဲ လုံးဝ အသိအမှတ်မပြုကြောင်း NLD ထုတ်ပြန်…

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ပြေလည်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်က စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ တောင်ပေါ်ကျောင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ဒူရက စစ်ကြောင်း) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၂) ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။