မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၂၃ ရက် မနေ့က မတ္တရာမြို့အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တံတားဦးနဲ့ မိတ္ထီလာတက် ဂျက်ဖိုက်တာတွေက လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ကန် ကင်းရွာဖက် အနီးတစ်ဝိုက်ကိုလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း Voice Of Mandalay ကဖော်ပြပါတယ်။

“မနေ့ တမြန်နေ့က မတ္တရာအရှေ့ခြမ်းမှာတိုက်ပွဲ အတော်ပြင်းတယ်။ နေ့ရောညရော လက်နက်ကြီးသံတွေညံနေတာ။ ဖိုက်တာနဲ့လည်းပစ်တယ်။ စကစက တိုးလာလိုက် ကိုယ့်ဘက်ကပြန်တိုး လိုက်နဲ့ပေါ့။” လို့ Voice Of Mandalay တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
မေလ ၂၄ ရက် ဒီနေ့မှာလည်း Y-12 ထောက်ပို့ဗုံးကြဲလေယာဉ်နဲ့အတူ မနက်၇နာရီအချိန်က စတင်ကာ တောင်တံငါရွာနဲ့ မြောက်တံငါရွာတွေဆီ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

” မတ္တရာကနေ မန္တလေးကိုသွားတဲ့ အရှေ့ကားလမ်းကို ကျောင်းဖွင့်ချိန်အမှီ လမ်းပွင့်အောင် စကစဘက်က တိုးနေတာပါ။ တော်လှန်ရေးဘက်က သိမ်းထားတာလားဆိုတော့ လုံးလုံးကြီးမဟုတ်ဘူး။ သူတစ်ဝက်ကိုယ်တစ်ဝက် မှာ စကစဘက်ကနယ်မြေစိုးမိုးချင်လို့ပါ။” လို့ ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့မြောက်ဖက်ခြမ်းက အကြမ်းဖက်စခန်းတော်တော်များများကို MDY PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ရှမ်းမန်းစစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိထားတာဖြစ်ပြီး စစ်အုပ်စုဘက်က ပြန်လည်ရယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ပုံစာ – MDY PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁၀ ရက်ကြာတိုက်ပွဲ ဖြစ်ပွား၊ စစ်တပ်ထံမှ စစ်သုံ့ပန်း ၁ ဦး အရှင်မိပြီး အလောင်း သုံးလောင်းနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
Read More

စလင်းတွင် ၁၃ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုများပြား တိုက်ပွဲအတွင်း Yenanthar Column ရဲဘော်၁ဦးကျဆုံးခဲ့သလို အရပ်သား ၆ဦးလည်း ပစ်သတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုခဲ့သလို နေအိမ်အလုံး ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီက သက်ကြီးပိုင်းတွေ အပါအဝင် အရပ်သား ၆ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။