ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက ခါချဉ်တောင်ပေါ်ကို အင်အား ၁၀၀ ကျော်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ထက်မနည်းသေခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅မှ သတင်းထုတ်ပြန် ထားပါတယ်။

မေလ ၂၂ ရက် ညပိုင်းက စိန်ကန့်လန့်-မြို့ချောင်းရိုးမဖြတ်ကျော်လမ်းအတိုင်း ခြေလျင်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဟိုင်းယုလမ်းဆုံနဲ့ ပျဉ်ကတိုးခင်းရွာကြားက တရုတ်ပေါက် ကျောက်ကုန်းအနီးမှာ တော်လှန်ရေးတပ်တွေက ရှောင်တခင်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ လက်နက် ကြီး လက်နက်ငယ်တွေနဲ့ ၁ နာရီကြာ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်းသေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ဘန့်ဘွေးကုန်းရွာဘက်ကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

မေလ ၂၃ ရက် နံနက်ပိုင်းမှာလည်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေကို လာရောက် စစ်ကောင်စီစစ်ကြောင်းနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်တွေ တပ်ဆုတ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားရာနေရာကို တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်း လင်းရေး လုပ်ဆောင်ခဲ့ရာ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရခဲ့သလို ချောက်ကမ်းပါးထဲ ပစ်ချထားတဲ့ စစ်ကောင်စီ အလောင်း ၁လောင်း၊ မြေကြီးထဲမှာ မြုပ်ထားတဲ့ အလောင်း ၃လောင်းကို တွေ့ရပြီး စစ်ကောင်စီတပ်သား အလောင်းတွေကို မြေမြုပ်သဂြိုလ်ပေးလိုက်တယ်လို့ သိရပါတယ်။

Video- တရုတ်ပေါက် ကျောက်ကုန်းအနီး တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ်

0 Shares:
You May Also Like
Read More

ဆန္ဒပြပွဲများ ပြင်းထန်နေသည့် နီပေါတွင် အစိုးရ အရာရှိများနှင့် မိသားစုဝင်များကို စစ်ရဟတ်ယာဉ်များဖြင့် ကယ်ထုတ် (ရုပ်/သံ)

နီပေါနိုင်ငံမှာ လူမှုကွန်ရက်တွေ ပိတ်ပင်လိုက်ပြီးနောက် ပြင်းထန်လာတဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာပြီး ပြည်သူတွေက အစိုးရပိုင်တာဝန်ရှိသူတွေကို တိုက်ခိုက်လာတဲ့အတွက် စစ်ရဟတ်ယာဉ်တွေနဲ့ ဝန်ကြီးတွေနဲ့ မိသားစုတွေကို လိုက်လံကယ်ထုတ်ခဲ့ပါတယ်။ 
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ယောက်နဲ့ စျေးသည် ၁ ယောက် သေဆုံး (ရုပ်/သံ)

ဇူလိုင် ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ချာထူချက်စျေးမှာ သေနတ်သမား ၁ ယောက်က လုံခြုံရေး ၄ ယောက်နဲ့ စျေးသည် ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဝမ်ပေါင်ကြေးနီယာဉ်တန်းအတွက် လမ်းလုံခြုံရေးပေးထားတဲ့ စစ်သားကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းမှာ တွဲကား ၆၈ စီး ယာဉ်တန်းကို လမ်းလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားကင်းပုန်းတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စစ်တပ်အခြေစိုက်စခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာမှာရှိတဲ့ စစ်တပ်အခြေစိုက်စခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force - YRF) က ထုတ်ပြန်လိုက်ပါတယ်။