မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ရှိ ကလိန်ပဒေါ ရွာ အနောက်ဖက်မှာ နယ်မြေလှုပ်ရှားမှု ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားပစ်ခတ်ရာ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ ၊ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
သံဖြူဇရပ်မြို့နယ် ရှိ ကလိန်ပဒေါ ရွာ အနောက်ဖက်မှာ အင်အား (၁၇၀) ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းနဲ့ KNLA (Karen National Liberation Army) တပ်ရင်း (၂၇) တို့ ပူးပေါင်းပြီး ပြောက်ကျား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၂၀ ရက် ဒီနေ့ မနက်ပိုင်းမှာ ၁၀ မိနစ်ခန့်ကြာ ပြောက်ကျားပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်အကျအဆုံး မရှိဘဲ ပြောက်ကျားစစ်ဆင်ရေးကို လုပ်ဆောင်နေသလို အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ဆက်လက်လှုပ်ရှားနေတဲ့အတွက် နီးစပ်ရာရွာတွေက ပြည်သူတွေ အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့တဲ့ အိုမကျေးရွာ ဒေသခံတွေကို ကူညီထောက်ပံ့မှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိုမကျေးရွာက နေအိမ် ၁၉အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက ထောက့်ပံငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

၁၀ နှစ် တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် တပ်ကြပ်တစ်ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ပြည်သူရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။