မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၂၃ ရက် ဒီနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့တဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ် မိန်းကလေး (၅၉) ယောက်နဲ့ ယောက်ျားလေး (၅၆) ယောက်၊ စုစုပေါင်း (၁၁၅) ယောက်ကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ (၃၉) ယောက်နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး စုစုပေါင်းသေဆုံးသူ (၁၁၅) ယောက်ထဲက (၉၅) ယောက်ဟာ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်သလို လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၁၄) ယောက် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

မေလ ၂၀ ရက်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စုရှိ မရမ်းစိမ်လေးကျေးရွာကို စစ်ကောင်စီရဲ့ အမှတ်(၆၀) ခြေလျင်တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၉ နှစ်အရွယ်ကလေးငယ် ကျည်စထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုချိန်ကစလို့ မေလ ၂၃ ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၇၂၁) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော် သာဝတ္ထိနယ်မြေရဲစခန်းအား လက်လုပ်ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လောင်းလုံးမြို့နယ်မှ ပျူခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား…

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က ပျူခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။ အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်မှာ ကျောက်နီမော်ကျေးရွာအခြေစိုက် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းကို သူ့ရဲ့နေအိမ်မှာ ထမင်းစားနေချိန် အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ တစ်နေရာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ" ပိုစတာကို ဒီနေ့ မနက်ပိုင်းက ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ YOA အဖွဲ့ဆီက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာသိမ်း (၄)နှစ်ကျော်အတွင်း အရပ်သား ၆၃၀၀ ကျော် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်အာဏာသိမ်း (၄)နှစ်တာအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် အရပ်သား ခြောက်ထောင်ကျော် (၆,၃၆၄) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၈,ဝဝဝ (၂၈,၇၁၂ ဦး) ကျော်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်ဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ပြောကြား

ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ပေါ်ပေါက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။