တော်လှန်ရေးတပ်တွေ အများစု စိုးမိုးထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီနေ့အချိန်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်တွေ ဖြစ်တဲ့ CDF Civic Defense Militia (CDM) – Siyin တပ်ဖွဲ့၊ PDF Zoland နဲ့ CDF Kalay-Kabaw-Gangaw(KKG) တို့က ဆက်လက်ခုခံကာကွယ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မေလ ၁၈ ကနေ ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် ဒေသခံ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့လည်း CDF CDM Siyin က ထုတ်ပြန်ထားပါတယ်။

ဒေသခံများ စစ်ရှောင်နေသည့် ပုံရိပ်များ (ဓာတ်ပုံ CDF Civic Defense Militia (CDM) – Siyin)

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

တိုက်ပွဲဖြစ်မှာကြောက်လို့ ကျောင်းမတက်တဲ့ ကလေးတွေကို စစ်ကောင်စီ ဖိအားပေး ကျောင်းတက်ခိုင်းနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြောက်တပ် (အမတ ၃၄၄) အနီးမှာရှိတဲ့ ကျောက်ခဲချောင်းကျေးရွာ မူလွန် စာသင်ကျောင်းက ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးကာ ကျောင်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

96 Soldiers တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား

စစ်ကိုင်းတိုင်း၊ လွတ်မြောက်နေရာဒေသတစ်ခုမှာ 96 Soldiers - PDF တော်လှန်ရေးတပ်ဖွဲ့ရဲ့ တည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနားကို မနေ့က အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

သိမ်ဇရပ်မြို့၊ ခမရ ၂၀၇ ၏ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ အနီးရှိ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့် ထောင်ဒဏ် ၅ နှစ်ချခံရ

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ အလုပ်အတူ တွဲလုပ်ဖူးသူ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။