မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်က မုန်တိုင်းဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေကို စင်္ကာပူစစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ CNA သတင်းက စက်တင်ဘာလ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။
A330 ဘက်စုံသုံး ရေနံတင်လေယာဉ်နဲ့ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ် နှစ်စင်းတို့ကနေပြီး အကူအညီပစ္စည်းတွေ ပို့ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ထောက်ပံ့ရေးပစ္စည်းတွေထဲမှာ စောင်တွေ၊ တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ၊ ရေစစ်စက်တွေ၊ ခေါက်သိမ်းနိုင်တဲ့ ရေသန့်ဘူးတွေနဲ့ အစားအစာထုပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
စင်္ကာပူစစ်တပ်က ထောက်ပံ့ပေးအပ်မယ့် အကူအညီပစ္စည်းတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း မိတ်ဖက်တွေရဲ့ အကူအညီနဲ့ စုစည်းခဲ့တာဖြစ်ကြောင်း MINDEF က ပြောပါတယ်။
အဲဒီအဖွဲ့အစည်းတွေထဲမှာ Caritas Singapore၊ Humanity Matters၊ စင်္ကာပူကြက်ခြေနီအဖွဲ့၊ Relief Singapore နဲ့ အာဆီယံရဲ့ ဘေးအန္တာရယ်စီမံခန့်ခွဲရေး လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) တို့ ပါဝင်ပါတယ်။
ရာဂီမုန်တိုင်းဟာ စက်တင်ဘာလ ၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံအတော်များများကို ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပူပိုင်းမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး စက်ရုံအများအပြားကို ပျက်စီးစေကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီး လူပေါင်း ၂၉၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။
မြန်မာပြည်မှာလည်း ရေကြီးမှုကြောင့် လယ်ယာ ဟက်တာ ၂၆၀၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားကာ လက်တွေ့မှာ ဒီထက်ပိုမို ထိခိုက်သေကြေ ပျက်စီးနေရကြောင်း ဒေသတွင်းသတင်းမီဒီယာတွေက ထုတ်ဖော်ထားပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေအတွက် လူသားချင်းစာနာမှု နိုင်ငံတကာအကူအညီတွေကို ဝင်ရောက်ခွင့်မပြုခဲ့တဲ့ စစ်ကောင်စီဟာ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ကောင်းမွန်စွာ စီမံခန့်ခွဲထားနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ နိုင်ငံတကာအကူအညီကို ရှားရှားပါးပါး တောင်းခံခဲ့ပါတယ်။
လာအိုနိုင်ငံမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုတွေကြောင့် အကူအညီမဲ့နေသူတွေအတွက် အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း RFA က သတင်းဖော်ပြထားပါတယ်။
SAF ရဲ့ ချန်ဂီဒေသဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် သဘာဝဘေး ကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာရဲ့ ဒါရိုက်တာ Colonel Fredie Tan က စင်တာနဲ့ စင်္ကာပူစစ်တပ်တို့အနေနဲ့ ဒေသတွင်း လူသားချင်းစာနာမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့နဲ့ အိမ်နီးချင်းနိုင်ငံက ထိခိုက်ခံထားရတဲ့ လူမှုအသိုင်းအဝိုင်းတွေထံ အကူအညီတွေ ပေးဆောင်ဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
“ကျနော်တို့အနေနဲ့ ပြည်တွင်းနဲ့ ဒေသတွင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ AHA Centre တို့လို စစ်ဘက်-အရပ်ဘက် မိတ်ဖက်တွေနဲ့ အနီးကပ် ဆက်လက် လုပ်ဆောင်သွားပါမယ်” လို့ သူက ဆက်ပြောထားပါတယ်။
Photo – MINDEF
0 Shares:
You May Also Like
Read More

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ထိုင်းနိုင်ငံမှ ၁၅ ဦးသေဆုံးပြီး ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရ

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံက ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

အကူအညီတွေ ဖြတ်တောက်မှုနောက် မြန်မာပြည်ရဲ့ ငတ်မွတ်မှု သိသိသာသာ မြင့်တက်လာ

ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေဖြတ်တောက်မှု လုပ်ဆောင်ချက်အပြီးမှာ မြန်မာပြည်ရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာတာကိုတွေ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။