ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မေလ ၂၁ ရက် မနက်ပိုင်းကစလို့ ဝေါလေဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ခီးစခန်းနေရာကို KNLA ဦးဆောင်​တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်တွေကလည်း မြဝတီ-ဝေါလေလမ်းပိုင်းကို သွားလာမှု ခေတ္တရပ်ဆိုင်းထားပြီး KNLA စစ်ကြောင်းတွေကိုလည်း တပ်လှန့်သတိပေးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

နယ်စပ်အနီး မြန်မာဘက်အခြမ်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံကလည်း တော်ဝင်တပ်မတော်၊ နယ်ခြားစောင့် စစ်တပ်စခန်းတွေမှာ စစ်ရေးအသင့်အနေအထား တပ်လှန်မှုတွေ ရှိနေပြီး စစ်ဘေးရှောင် အကူအညီပေးနိုင်ရေး ဒေသခံလူမှုအဖွဲ့ အစည်းတွေက အသင့်ပြင်ဆင်ထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ KNU တပ်မဟာ ၇ နယ်မြေမှာတော့ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး ဝေါလေဒေသမှာတော့ အထက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဝေါ ဗျူဟာ၊ ကနဲလေးစခန်းနဲ့ အောက်ပိုင်းမှာ ဥကရစ်ထ၊ ဝါးမီးထ စစ်စခန်းတွေနဲ့ သေ့ဘောဘိုးစစ်စခန်းတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်နဲ့ ထိုင်းနိုင်ငံမှ မြင်ရတဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာ (ဓာတ်ပုံ အင်တာနက်)

0 Shares:
You May Also Like
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်စစ်မြေပြင်မှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KTV အတူတူ သွားကြရင်း အရာရှိ မူးနေချိန် စစ်မှုထမ်းဆင်း စစ်သား ၂ဦး ခဲယမ်းနှင့်တကွ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က အရာရှိနဲ့အတူ အပြင်ထွက် ပျော်ပါးတဲ့ စစ်မှုထမ်းဆင်း စစ်သား ၂ ယောက်ဟာ အရာရှိ အလစ်မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးထိန်းချုပ်နယ်‌မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများကို မြို့နယ် ပလဖ ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ NUG ပြည်ထဲရေးနဲ့ လူမှုဝင်ကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာအုပ်စုနှင့် နောင်လိတ်ကျေးရွာကြား စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ ရွှေမုဌောကျေးရွာအုပ်စုနဲ့ နောင်လိတ်ကျေးရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။