ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီရဲ့ လမ်းပြ သတင်းပေးဖြစ်သူ စန်းဌေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်၊ ညနေ ၅ နာရီအချိန်မှာ အဆိုပါ စန်းဌေး ဆိုသူကို စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဥ်းကတိုးခင်းရွာ အနီးမှာ ကျည် ၉၂တောင့်၊ မိုလ်ဘိုင်းဖုန်း ၁လုံး၊ ဆိုင်ကယ်၁စီး နဲ့အတူ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) ကနေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စန်းဌေးကို နောက်တန်းအချုပ်မှာ ထိန်းသိမ်းထားပြီး မေလ ၂၂ ရက် ဒီနေ့ မနက် ၇ နာရီဝန်းကျင်အချိန်မှာ စစ်ဆေးမေးမြန်းဖို့ အချုပ်ကနေ ထုတ်လာစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ ကျည်ထိမှန် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀၂၄ မေလတုန်းမှာ ရိုးမထဲကို ဆိုင်ကယ်နဲ့ သစ်တင်ဖို့လာတဲ့ ကိုဝင်းဌေးကို စစ်ကောင်စီက စစ်ဆေးနေတုန်း သူက (စန်းဌေး) ဒီလူက PDF တွေကို ထောက်ပို့တဲ့သူဆိုပြီး ပြောလို့ အသတ်ခံလိုက်ရတာတွေရှိတယ်။ ပြီးတော့ ၂၀၂၃ ထဲမှာလည်း ကျနော်တို့ စခန်းကို သူက လမ်းပြဒလန်လုပ်ခဲ့တာပါ။ ကျနော်တို့ သိန်း ၃၀၀ လောက် ဆုံးရှုံးခဲ့ရတယ်။ ရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့ရတယ်” လို့ စစ်ကောင်စီရဲ့ လမ်းပြဖြစ်သူ စန်းဌေးရဲ့ လုပ်ရပ်တွေအကြောင်း တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပြခဲ့ပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီလမ်းပြ စန်းဌေးနှင့် သိမ်းဆည်းရရှိသည့် ပစ္စည်းများ (ဓာတ်ပုံ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅))

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သဲဖြူရွာက ညီအစ်ကို  ၂ ယောက်ကို စစ်အုပ်စု ခေါင်းဖြတ်သတ်ခဲ့

တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာက ညီအစ်ကို ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ KNU - Mergui - Tavoy District က သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တိုက်နယ်(၅)ပကဖ အဖွဲ့က ထမင်းထုပ်ဝေတာအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။