အကြမ်းဖက်စစ်တပ်က အရာရှိအဆင့်တွေသာ တက်ရောက်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ စာသင်ကြားနေတဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ကို ဒီနေ့မှာ ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ Golden Valley Warriors က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ကနေ ၂၀၂၃ ခုနှစ်မှာ ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့တဲ့ အငြိမ်စား ဗိုလ်ချုပ် ချိုထွန်းအောင်ကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်၊ ၅ ရပ်ကွက်ရှိ သူ့ရဲ့ နေအိမ်ရှေ့မှာပဲ Golden Valley Warriors ရဲဘော်တွေက ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ချိုထွန်းအောင်ဟာ စစ်တပ်အရာရှိကြီးတွေသာ တက်ရောက်ရတဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defense College-NDC) မှာ Internal Security & Counterterrorism (နိုင်ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကို သင်ကြားနေသူဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ချိုထွန်းအောင်ကို Golden Valley Warriors အဖွဲ့က ကာလအတော်ကြာ အချက်အလက်စုဆောင်း စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးနောက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ကနေ အငြိမ်းစားယူခဲ့ပေမယ့် လက်ရှိအကြမ်းဖက်စစ်တပ်ရဲ့ နေ့စဉ်လူမဆန်မှုများစွာအတွက် စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူတွေကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် သုတ်သင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ဟာ သူအားကိုးရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အကြံဥာဏ်တွေကို ရယူပြီး ပြည်သူ့စစ် မဟာဗျူဟာကို စစ်မှုထမ်း ဟောင်းအဖွဲ့အင်အားနဲ့ လုပ်ဆောင်နေရာ အဆိုပါ အဖွဲ့ရဲ့ တိုင်းအဆင့်ခေါင်းဆောင်တွေထဲမှာလည်း အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင် ပါဝင်တယ်လို့ ဆိုပါတယ်။

Golden Valley Warriors အဖွဲ့က စစ်တပ်ရဲ့ အကြီးစား ဒေါက်တိုင်တွေကို စဉ်ဆက်မပြတ် သတင်း ထောက်လှမ်းနေသလို အကြမ်းဖက်လေတပ်က လေယာဉ်မှူးတွေရဲ့ အချက်အလက်တွေကိုလည်း စုဆောင်းနေပြီး ဆက်စပ်သတင်းတွေ ရရှိထားရင် ပေးပို့ကြဖို့လည်း Golden Valley Warriors က တောင်းဆိုထုတ်ပြန်ထားပါတယ်။

ချိုထွန်းအောင်

0 Shares:
You May Also Like
Read More

ကရင်နီပြည် တော်လှန်ရေးတပ် စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ညကင်းလှည့်ပြီး ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့

ကရင်နီပြည်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ညကင်းလှည့်ကာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Unity Generation Z PDF 1101 (UGZ-PDF-1101) က ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲရှောင်ပြည်သူများကို နေပြည်တော် PDF လူသားချင်းစာနာမှု အကူအညီများ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှ ပေါင်းတလည်သို့ လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများကို တိုက်ခိုက်ရာ ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရဲစခန်းက‌နေ ပေါင်းတလည်မြို့ဘက်ကို လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ပုဂံမြို့သစ်တွင် ဆက်ကြေးကောက်နေသည့် ပျူခေါင်းဆောင်နှင့် နောက်လိုက် ၈ ယောက်ကို ပစ်ခတ်ရှင်းလင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်နောက်ပါ ပျူစောထီး ၈ ယောက်ကို ချေမှုန်းရှင်းလင်းခဲ့တယ်လို့  ထနောင်းမြေစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့်ဒေသခံ ၁၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရ

မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၁၅၀၀နီးပါး စစ်ဘေးတိမ်း​ရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။