စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းစစ်တပ်ယာဉ် ၃ စီးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ထံက သိရပါတယ်။
အဲဒီယာဉ်တွေဟာ စစ်ကိုင်းတပ်မ ၃၃ က ၂ စီးနဲ့ မြပုလဲအကြမ်းဖက်စစ်တပ်စခန်းကနေ ၁ စီးပေါင်းကာ ထွက်ခွာလာကြတာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုရှိနိုင်ပေမယ့် အတိအကျ သိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA အဖွဲ့သားတွေက ဦးဆောင်ပြီး MYAUNG REVOLUTION ARMY (MRA) နဲ့ CHINDWIN FIGHTER GROUP (CFG) အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးသွားခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ်ပြက္ခဒိန်မှာ နာမည်ကျော် Jim McNallis ရဲ့ ပြောင်မြောက်လှတဲ့ ပန်းပုရုပ်ထုကို ရွေးချယ်ထည့်သွင်း (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ်ပြက္ခဒိန်မှာ နာမည်ကျော် Jim McNallis ရဲ့ ပြောင်မြောက်လှတဲ့ ပန်းထုရုပ်ထုကို ရွေးချယ်ထည့်သွင်းထားတယ်လို့ ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။
Read More

ထားဝယ်-မြိတ်အမှတ် (၈) လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ် အမှတ် (၈) လမ်းပေါ်ရှိ ရွှေဂူဂိတ်ကို ဖေဖော်ဝါရီ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို တော်လှန်ရေးတပ်တွေ တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို စက်တင်ဘာ ၁၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေး ရွာအနီး အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၃ စီး ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။