အမေရိကန်အစိုးရက မြန်မာနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ရွှေ့ပြောင်းတွေကို ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံ တောင်ဆူဒန်ဆီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေက ဖက်ဒရယ်တရားသူကြီးကို အင်္ဂါနေ့မှာ ပြောပါတယ်။

မက်ဆာချူးဆက်က တရားရုံးတစ်ခုထံ အရေးပေါ် တောင်းဆိုမှုအတွင်း ရှေ့နေတွေက ပြောဆိုခဲ့တာပါ။

ထရမ့်အစိုးရအနေနဲ့ ရွှေ့ပြောင်းတွေကို  အရင်ဆုံး ဥပဒေအခွင့်အရေးတွေအရ စောဒကတက်ခွင့် မပေးဘဲ တတိယနိုင်ငံကို ပြည်နှင်ဒဏ်မပေးဖို့ ဖက်ဒရယ် တရားသူကြီး Brian Murphy က တားမြစ်မိန့် ချမှတ်ထားတာဖြစ်ပြီး အခုလို တောင်ဆူဒန်ကို ပို့တာဟာ စီရင်ချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ရှေ့နေတွေက တောင်ဆူဒန်နိုင်ငံဟာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး  လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောဆိုကာ အဲဒီကို ပြည်နှင်ခံရတဲ့ ရွှေ့ပြောင်းတွေအနေနဲ့ အန္တရာယ်ကြီးကြီးမားမား တွေ့နိုင်ကြောင်း ပြောပါတယ်။

တက်ဆက်က ထိန်းသိမ်းရေးစခန်းတစ်ခုမှာ ဖမ်းခံထားရတဲ့ ရွှေ့ပြောင်းနေထိုင်သူ တစ်ဒါဇင်ခန့်ကို အင်္ဂါနေ့ မနက်ပိုင်းမှာ တောင်ဆူဒန်ကို ပို့လိုက်ကြောင်း သိရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒီလို အလားအလာရှိတဲ့ ချိုးဖောက်မှုမျိုးဟာ ပြစ်မှုမြောက်တဲ့ အမိန့်ဖီဆန်မှုမျိုး သဘောသက်ရောက်နိုင်ကြောင်းနဲ့ ပြည်နှင်ဒဏ်ပေးထားတဲ့ လေယာဉ်ကို ပြန်လှည့်ဖို့အတွက် အမိန့်ပေးဖို့ စဉ်းစားထားကြောင်း တရားသူကြီး Murphy က အရေးပေါ် အွန်လိုင်းကြားနာမှုတစ်ခုအတွင်း တရားရေးရှေ့နေကို ပြောပါတယ်။

တောင်ဆူဒန်သို့ အာရှမှ ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်က နှင်ထုတ်သည်ဟု ရှေ့နေများက တရားရုံးကို ပြောကြားသည် (ဓာတ်ပုံ Reuters)

ပြည်နှင်ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက တစ်ယောက်က မြန်မာနိုင်ငံသားဖြစ်ပြီး သူ့ကို တောင်ဆူဒန်ပို့မယ့်အကြောင်း အမေရိကန်လူဝင်မှုကြီးကြပ်ရေးက သူ့ရဲ့ ရှေ့နေတွေကို တနင်္လာနေ့က အကြောင်းကြားထားပါတယ်။

တရားရုံးမှတ်တမ်းအရ “NM” လို့သာ ဖော်ပြထားတဲ့ အဆိုပါ မြန်မာနိုင်ငံသားဟာ အင်္ဂလိပ်စာ အကန့်အသတ်ရှိသူဖြစ်တာကြောင့် အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ပြည်နှင်ဒဏ်ပေးတဲ့ သတိပေးချက်ကို လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အဲဒီလိုမျိုး သတိပေးချက်တွေကို ရွှေ့ပြောင်းနေထိုင်သူတွေထံ ပေးပို့ရာမှာ သူတို့နားလည်စေဖို့ လုပ်ဆောင်ရမှာဖြစ်တာကြောင့် တရားရုံးအမိန့်ကို ချိုးဖောက်မှုတစ်ခုဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ တက္ကဆက်က ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရသူ ဗီယက်နမ်အမျိုးသားတစ်ယောက်ရဲ့ ဇနီးသည်ကလည်း သူ့ခင်ပွန်းနဲ့ အခြား ၁၀ ယောက်ကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သူ့ရဲ့ ရှေ့နေဆီအကြောင်းကြားခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေကို တရားရုံးမှာ အရင် ကြားနာခွင့်မပေးဘဲ အဲဒီလိုမျိုး ပြည်နှင်ဒဏ်ပေးတာတွေ မလုပ်အောင်၊ ရပ်တန့်အောင် အရေးပေါ်အမိန့်ထုတ်ဖို့ ရှေ့နေတွေက တရားသူကြီးကို တောင်းဆိုထားပါတယ်။

မူရင်းသတင်း – US deports Asian migrants to South Sudan: Lawyers tell court

0 Shares:
You May Also Like
Read More

ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အာဆီယံအစည်းအဝေး ၅၀၀ ကျော် တက်ရောက်ခွင့်ရခဲ့

အာဆီယံအစည်းအဝေးတချို့မှာ စစ်အုပ်စု ပါ၀င်တက်ရောက်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Read More

မဲဆောက်တွင် တစ်ပက်အတွင်း အထောက် အထားမဲ့နေထိုင်မှု၊ ကန့်သတ်လုပ်ငန်း လုပ်ကိုင်မှု တို့ဖြင့် မြန်မာနိုင်ငံသား ၆၀ ကျော်ဖမ်း ဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ကစလို့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေပြီး တစ်ပတ်အတွင်း အယောက် ၆၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ တာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

ကျဆုံး ကျောင်းသားရဲဘော်များအား Daly City ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီဟု ဗာတီကန်နန်းတော် ကြေညာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။