အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ်- ၈ သင်တန်းဆင်း တပ်သား ချစ်ကို ဟာ MA-1 အမျိုးအစား မောင်းပြန် (၁) လက်၊ ကျည် (၁၄၇) တောင့်၊ ကျည်ဘောက် (၃) ခုနဲ့ အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုတာပါ။

မေ ၁၅ ရက်မှာ အလင်းဝင်ရောက်လာခဲ့တဲ့ တပ်သားချစ်ကို ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃)ရဲ့ တပ်ရင်းမှူး အယ်ကြီးမှ ကြိုဆိုလက်ခံခဲ့ပြီး၊ လက်နက်ခဲယမ်းတွေကို လွဲပြောင်းလက်ခံရယူခဲ့ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ(၃၅) နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၃) ထံကို လက်နက်နဲ့အလင်းဝင်လာတဲ့ တပ်သား ချစ်ကို ကို ချီးမြှင့်ငွေ ပေးအပ်နိုင်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေထံကို ဧပြီလနဲ့ မေလအတွင်း အလင်းဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁၄)ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပြီး၊ စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မရွေး ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းကြဖို့ကိုလည်း တော်လှန်ရေးတပ်ရင်းတွေက ဖိတ်ခေါ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

KNDF တပ်ရင်း ၁၅ မှ ရဲဘော်များ၏ ရှေ့တန်းစစ်ဆင်ရေးပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၁၅)တပ်ရင်းအနေနဲ့ ရှေ့တန်းစစ်ဆင်ရေးတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အခြားတော်လှန်ရေးတပ်တွေနဲ့အတူ နေ့စဉ်နအမျှ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
Read More

စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

က.လ.လ.တ ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ -  ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အ​ခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၁) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။