မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
ထွန်းထွန်းမင်းက သူ့အသက်နဲ့ရင်းပြီး ရယူထားလို့ တန်ဖိုးထားတယ်ဆိုတဲ့ အဲဒီ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ရိုးရာလက်ဝှေ့ ဝါသနာရှင်တစ်ယောက်က ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
“မြန်မာကျပ်ငွေ သိန်းပေါင်း ၅၀၀ နဲ့ ဝယ်ယူသွားပြီ။ တနည်းအားဖြင့်တော့ လေလံအောင်သွားတယ်ဆိုရမှာပေါ့။ ရေဘေးလှူဖို့ ရောင်းချတာကို အမည်မဖော်လိုသူတစ်ဦးက ဝယ်ယူသွားတာဖြစ်ပါတယ်” လို့ လေလံတင်ရောင်းချပေးသူတွေနဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။
ရေဘေးသင့် ဒေသတွေကို ကူညီမယ့် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ် လေလံပွဲကို ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ချန်ပီယံခါးပတ် ရောင်းရငွေအားလုံးကို ရေဘေးသင့်ပြည်သူတွေဆီ တစ်ပြားမကျန် လှူဒါန်းသွားမယ်လို့ ထွန်းထွန်းမင်းက ပြောထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းရောက် ရဲဘော်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဆင်ပေးခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက် စစ်ကြောင်းရဲ့ The Life Armor Project ကနေ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကို ကျည်ကာ အင်္ကျီ ၊ ကျည်ကာဦးထုပ် ၊ ကျည်ကာပြား ၊ ကျောပိုးအိတ်နဲ့ ဖိနပ်တွေ တပ်ဆင်ပေးန်ိုင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး မီးလောင်သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဇူလိုင်လမှ အောက်တိုဘာလအထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၁၈၀ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင် ၁ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ရက်ပေါင်း ၁၀၉ ရက်အတွင်း အမျိုးသမီး အယောက် ၁၈၀ သေဆုံးခဲ့ရာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။