ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။

စတင်တည်ထောင်ကထဲက ဒီကနေ့အချိန်အထိ နွေဦးတော်လှန်ရေးအတွက် အသက်၊သွေး၊ချွေး  ပေးဆပ်ပါဝင်ခဲ့ကြသလို၊ အသက်ပေးခဲ့ရတဲ့ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါပေးဆပ်ထားခဲ့ရတဲ့ ရဲဘော်တွေလည်း ရှိတယ်လို့ ရေးပြောက်ကျားက ဆိုပါတယ်။

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့ပြီး၊ လေးနှစ်တာအတွင်း အခက်အခဲမျိုးစုံကြားမှ ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ ဒီကနေ့အချိန်ထိ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။ 

ဒါပေမဲ့လည်း တော်လှန်ရေးအချိန် ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေကလည်း များပြားလာတာကြောင့် ယခုပြုလုပ်နေတဲ့ ဆန်အိတ်တစ်ရာကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ကိုလည်း အဖွဲ့တည်ထောင်ခြင်း လေးနှစ်ပြည့်တဲ့နေ့မှာ ရေးပြောက်ကျားတပ်က ပြည်သူများကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆက်သွယ်ရန်- YE GUERRILLA FORCE Telegram Channel – https://t.me/ygf1221

0 Shares:
You May Also Like
Read More

ဖြူးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။
Read More

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို KNU မှ အပြီးတိုင် ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ကာလမှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်မိပြီးနောက် စစ်ကောင်စီလည်း ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကြောင်း ကြေညာ

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ဧပြီ (၂) ရက်မှ  (၂၂) အထိ ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်လိုက်တယ်လို့ ဧပြီလ ၂ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လာပါတယ်။
Read More

ပိုင်ကျုံမြို့နယ် စစ်ကောင်စီ၏ မော်ဖိုးကေစခန်းကို နေ့တစ်ဝက်အတွင်း KNU သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၇၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေတပ်စခန်းကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။