ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ‌ညောင်ရွှေမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ဗိုလ် မှူးအပါအဝင် ၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ Pekhon Sky Predators Drone Force အဖွဲ့ထံက သိရပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ ‌ညောင်ရွှေမြို့နယ်အစပ်ရှိ လွယ်လုံ၊ စန့်စွဲ၊ စန့်လိတ်ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ တပ်မှူး ၁ ယောက်အပါအဝင် PNO ပြည်သူ့စစ်မှ ဦးဆောင်ညွန်ကြားသူ တပ်မှူး ၁ ယောက်နဲ့ ၅ ယောက် ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွား တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို PSP Drone Force (1006) နှင့် Falcon Wings ပူးပေါင်းဒရုန်းတပ်ဖွဲ့တို့မှာ ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်မှာ စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီ တပ်ဟာ ပြည်သူများအား မတရားဖမ်းဆီးစေခိုင်းခြင်းနဲ့ ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးမှု များလုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းကနေ ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းသိမ်းပိုက်ရရှိခဲ့ အတွင်း ၁၂၀ မမ လက်နက်ကြီး၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။
Read More

ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Fight For Freedom က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တပ်မရေနံမှော်ဘက် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးရဲစခန်းကနေ တပ်မရေနံမှော်ဘက်သို့  စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေခဲ့တယ်လို့  Bagan Bo Cho PDF ထံက သိရပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် ရဲဘော် PK (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် PK ရဲ့ နာရေးစျာပနကို ပြုလုပ်ခဲ့တယ်လို့ တောင်ငူခရိုင် အမှတ် ၃ တပ်ရင်း P2-3503 က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ယောက်သေကာ ပြည်သူ့ရဲဘော် ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ကမ္မမြို့ တမာပင်ရွာနဲ့ ရိုးယာရွာက ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ နောက်ချန်ကင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။