ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ အစုပြုံလိုက်ဗုံး (Cluster Bomb) တွေပါဝင်နေတယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၅) ရက်နေ့က မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သား ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ (မေလ ၁၆ရက်) မနက်ပိုင်းမှာလည်း စစ်ကောင်စီက အထက်ပါတိုက်နယ်အတွင်းကိုပဲ လေကြောင်းကနေ ဆက်လက် ဗုံးကြဲခဲ့ပါတယ်။

ဆက်လက်ပြီး မေလ ၁၇ရက် မနေ့က နေ့လယ်ပိုင်းမှာလည်း အထက်ပါ တိုက်နယ်၁အတွင်းက ကျေးရွာတစ်ရွာကိုပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ရာ အစုအပြုံလိုက် ပေါက်ကွဲစေတတ်တဲ့(Cluster) ဗုံးတွေပါဝင်ခဲ့ကြောင်း၊ ဗုံးအလုံးရေ (၁၀) လုံး ဝန်းကျင်ဟာ ကျေးရွာအတွင်းနဲ့ ပတ်ဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်အခတ်ရပ်စဲကြောင်းကြေညာထားပေမယ့် နိုင်ငံတစ်ဝှမ်း ဗုံးကြဲတိုက်ခိုက်တာတွေ တရစပ်လုပ်ဆောင်နေတာဖြစ်သလို ပြင်းထန်တဲ့ပေါက်ကွဲအားရှိပြီး နိုင်ငံတကာကပိတ်ပင်ထားတဲ့ Cluster ဗုံးတွေကိုပါ ပိုမိုအသုံးပြုလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ် ၂၂ယောက်နဲ့ ဆရာမ ၂ယောက်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပါအဝင် ကောလင်းမြို့အနောက်ခြမ်းက ဥက္ကံနဲ့ ချောင်းနားရွာတွေကိုလည်း အဆိုပါ အစုပြုံလိုက် Cluster ဗုံးတွေအသုံးပြုတိုက်ခိုက်ခဲ့ပါသေးတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ပြထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့သော တိုက်နယ် အမှတ်(၁)အတွင်း နေရာများ (ဓာတ်ပုံ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို စစ်ကောင်စီ သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိသေး

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

“ဗုံးမကြဲနဲ့ မီးပေး “ ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မှာ လျှပ်စစ်မီးဖြတ်တောက်ထားမှု အပေါ်ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရသူများကို MNDAA သူရဲကောင်းဘွဲ့ချီးမြှင့်… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် အောက်မေ့ဂုဏ်ပြုတဲ့ အခမ်းအနားကို ကိုးကန့်တပ်မတော် (MNDAA) ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။