“China’s Policy Burma’s Mystery!” ၊ “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၅၆ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲကို မေလ ၁၇ ရက် မနေ့က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Free Burma Action Committee – Northern California က ဦးဆောင်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန့်ကျင်ဆန္ဒပြမှုနဲ့အတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီရဲ့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့သလို အရပ်သားတွေနဲ့ စာသင်ကျောင်းတွေအပေါ် အကြောင်းမဲ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့လည်း နွေဦးတော်လှန်ရေး အင်အားစုတွေက တိုက်တွန်းခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

စစ်ကောင်စီထံ စစ်လက်နက်နဲ့ လေယာဉ်ဆီတွေမရောင်းဖို့ Quad ထိပ်သီးနိုင်ငံတွေ တောင်းဆို

စစ်ကောင်စီထံ လေယာဥ်ဆီ နဲ့ စစ်လက်နက်ပစ္စည်းတွေ မရောက်ဖို့ အင်အားကြီးနိုင်ငံတွေ ဖွဲ့စည်းထားတဲ့ Quad အဖွဲ့၀င်တွေက ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားမြစ်ဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို Quad  ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ညီညွတ်ပေါင်းစည်းရေးကို ဦးစားပေးနေပေမယ့် ရှမ်းပြည်မှာ RCSS နဲ့ SSPP တို့ ထိတွေ့တင်းမာမှုတွေရှိနေ

ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်တွင်းရေးစွက်ဖက်မှုအတွက် တရုတ်ကို သပိတ်မှောက်ဆန့်ကျင်ရေးတွေ ပြုလုပ်နေကြ

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို သဘောမကျတဲ့ မြန်မာပြည်သူတွေဟာ ဖက်စစ်တော်လှန် တရုတ်ကိုအန်တု ပြည်သူ့ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

တောင်ကိုရီးယားက မြန်မာ့ငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။