အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒဲခရိုင်၊ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ စစ်သွေးကြွတွေလို့ အိန္ဒိယစစ်တပ်က ယူဆတဲ့ သံသယရှိသူ ၁၀ ယောက်ကို မေလ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ပစ်သတ်ခဲ့ကြောင်းနဲ့ သူတို့တွေဟာ မြန်မာနိုင်ငံသားတွေဖြစ်နေကြောင်း မဏိပူရ်လုံခြုံရေးအရာရှိကို ကိုးကားပြီး အိန္ဒိယသတင်းက ဖော်ပြထားပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ချန်ဒဲခရိုင်၊ New Samtal ရွာအနီး လက်နက်ကိုင်ကေဒါတွေရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းဖို့ အမှတ်(၃) တပ်ရင်း လက်အောက်ခံ အာသံရိုင်ဖယ်တပ်တွေက ဗုဒ္ဓဟူးနေ့မှာ စစ်ဆင်ရေးတစ်ရပ် စတင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း “သံသယရှိသူ ကေဒါတွေ” ရဲ့ ပစ်ခတ်ခြင်းခံခဲ့ရကြောင်း၊ အဲဒီနောက်မှာ အိန္ဒိယတပ်က ပြန်ပစ်ခဲ့တာကြောင့် ပြောက်ကျားဝတ်စုံနဲ့ လူ ၁၀ ယောက် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ နယ်မြေအတွင်း ပေါင်းစပ် စစ်ဆင်ရေးကြောင့် AK-47 ရိုင်ဖယ် ခုနစ်လက်၊ RPG လောင်ချာတစ်လက်၊ M4 ရိုင်ဖယ်တစ်လက်နှင့် ဗူးခွံလေးခုပါ (SBBL) ရိုင်ဖယ် လေးလက်၊ ခဲယမ်းမီးကျောက်များနှင့် အခြားစစ်ပွဲကဲ့သို့သော စတိုးဆိုင်များကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Express File Photo)

အကြီးတန်းလုံခြုံရေးအရာရှိတစ်ယောက်က သူတို့ ၁၀ ယောက်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်နေတာကြောင့် မြန်မာအာဏာပိုင်တွေထံ ရုပ်အလောင်းတွေ လွှဲပေးခဲ့တယ်လို့ သောကြာနေ့မှာ ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာတော့ “အကဲဖြတ်ချက်တွေအရ (စစ်ကောင်စီရော၊ တော်လှန်ရေးဘက်ပါမဟုတ်တဲ့) ဘက်မရှိတဲ့ အဆိုပါပုဂ္ဂိုလ်တွေဟာ နယ်စပ်ဖြတ်ကျော် သောင်းကျန်းသူ လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်တာကြောင့် လူသိများတယ်” လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အဆိုပါ နယ်မြေရဲ့ ပူးပေါင်းစစ်ဆင်ရေးတစ်ခုအတွင်း AK-47 ရိုင်ဖယ် ၇ လက်၊ RPG လောင်ချာ ၁ လက်၊ M4 ရိုင်ဖယ် ၁လက်နဲ့ တတောင့်ထိုးရိုင်ဖယ် ၄ လက်၊ ခဲယမ်းမီးကျောက်တွေနဲ့ အခြားစစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

“အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်အခြေအနေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေဆဲပါ။ လုံခြုံရေးတပ်ဖွဲ့တွေကို အခိုင်အမာ အသင့်ပြင်ထားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်” လို့ အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။

မူရင်းသတင်း – 10 killed in Manipur encounter were Myanmar nationals, security official says

0 Shares:
You May Also Like
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့သည့်အပေါ် NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု ဆို

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးသင့် မြန်မာပြည်သူများကို မမေ့ရန်နှင့် အကူအညီများ ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး လီယိုက စစ်ဘေးဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာက သတိပြုမိစေဖို့အတွက် တိုက်တွန်းစကား ထပ်မံပြောကြားလိုက်ပါတယ်။
Read More

မြန်မာလူငယ် ၂၀၀ ခန့်ကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်တွေက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် နေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်းတော်ဝင်ရေတပ် ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ဆေးဝါးပစ္စည်းများ သယ်ဆောင်ကာ ဂျပန်စစ်လေယာဉ် မြန်မာပြည်ကို လာရောက်မည်

ဆေးဝါးပစ္စည်းတွေ အစုံအလင်ပါဝင်မယ့် ဂျပန်စစ်တပ်ရဲ့ C-130 ကူညီကယ်ဆယ်ရေး လေယာဉ်ဟာ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။ ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF ( Self-Defense Force)အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာလာမှာ ဖြစ်ပါတယ်။