မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မန္တလေးတိုင်း ကျောက်ဆည်မြို့အနောက်-အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်တာစကေး ၅ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ် သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

မန္တလေး၊ မိုးကုတ်၊ တောင်ကြီး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ရမည်းသင်း၊ ပြင်ဦးလွင်စတဲ့ မြို့နေ ပြည်သူတွေဟာ ငလျင်ကို သိသိသာသာခံစားလိုက်ရတယ်လို့ ပြည်သူတွေက လူမှုကွန်ရက်မှာ ပြောဆိုနေကြပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဗန်းမော် K.PDF ရဲ့ စခန်းသိမ်းတိုက်ပွဲမှတ်တမ်းကို ထုတ်ပြန် (ရုပ်/သံ)

ဗန်းမော် K.PDF ရဲဘော်များ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲတစ်ခုရဲ့ ရုပ်သံမှတ်တမ်းကို  ဗန်းမော် PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

မုန်းမြို့တွင် အရပ်သား ၁ ဦး ထင်းခွေးရင်း မိုင်းနင်းမိ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အရပ်သား ၁ ယောက် တောထဲ ထင်းခွေရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေထံက သိရပါတယ်။
Read More

ထိုင်းမှာ PTT ဓာတ်ဆီဆိုင်နှင့် 7-Eleven ကို ဒုံးကျည်ထိမှန်ပြီး ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ (ရုပ်/သံ)

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ဖြစ်နေပေါ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ဇူလိုင်လ ၂၄ရက် ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်စစ်တပ်တွေ လက်နက်ကြီးနဲ့ လေကြောင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေ ရာသီဥတုအခက်အခဲကြားက ရက်ရှည်ကင်းပုန်းဝပ်ပြီး အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ကြောင်းထိုးပြီး အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရက်ရှည်ကင်းပုန်းဝပ်ပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းရာ အရာရှိအပါ ၁၀ ယောက်ထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - LLPDF ထံက သိရပါတယ်။