နိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမယ့် တော်လှန်ရေးနဲ့အတူ ပြည်သူတွေ ဆက်လက်ပြီး အတူတကွ ရှိနေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကတဆင့် ပြောကြားလိုက်ပါတယ်။

“ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန် ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးပါ။ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်။ တော်လှန်ရေး ရဲဘော်တွေအဖို့ အားထားစရာဟာ တော်လှန်ပြည်သူတွေပဲ ရှိပါတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။

ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူ ဧရာဝတီတိုင်းနဲ့ မြန်မာပြည်တဝှမ်းက တော်လှန်ပြည်သူတွေအားလုံး အတူတကွ ဆက်ရှိပေးကြဖို့ကိုလည်း ဦးရည်မွန်က တိုက်တွန်း နှိုးဆော်ထားပါတယ်။

“ဒီကနေ့ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာက တနိုင်ငံလုံး ကွက်ပြည့်နီးနီးပဲ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်သားတွေရဲ့ အိမ်အပြန်ခရီးဟာ ဒီကွက်ပြည့် မဟာဗျူဟာကို ပိုပြီးပြည့်စုံစေခဲ့ပါတယ်” လို့လည်း ဦးရည်မွန်က ပြောပါတယ်။

ဒါ့အပြင် လက်နက်အားကိုးနဲ့ ပြည်သူကို ရန်ပြုနေတဲ့ စစ်အုပ်စုကို ရရာလက်နက် ဆွဲကိုင်ပြီး ခုခံတွန်းလှန်ဖို့မှတပါး တခြားရွေးချယ်စရာ မရှိခဲ့တာကြောင့် လူငယ်တွေဟာ PDF အဖြစ်ခံယူရင်း အသက်နဲ့ ဘဝကိုရင်းကာ တိုက်ပွဲဝင်နေချိန် တော်လှန်ပြည်သူတွေကလည်း ကိုယ့်ရဲ့ ချွေးနဲစာထဲက ဖြစ်နိုင်သမျှ ထောက်ပံ့လှူဒါန်းရင်း တော်လှန်ရေးခရီးကို အတူတကွ ဖြတ်သန်းနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ထန်းတပင်မှာ အများပြည်သူ အိပ်မောကျနေချိန် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကုလစင်မြင့်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရေးတောင်းဆို (ဓာတ်ပုံသတင်း)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဒီနေ့ စက်တင်ဘာ ၂၂ရက်၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၊ Dag Hammarskjold plaza မှာ ပြည်ပရောက်မြန်မာတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို စစ်တပ် လက်နက်ကြီးပစ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ သေဆုံးကလေးငယ်၏ ညီမဖြစ်သူလည်း လက်ပြတ်ကာ ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ် ဂျက်ဖိုက်တာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက်အပါ ဒေသခံ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ (၁၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။