မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ပါမောက္ခဒေါက်တာ ခင်မောင်လွင်ကို အခုလို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်တယ်လို့ CRPH က ဆိုပါတယ်။

၂၀၁၅ခုနှစ်မှာ ဆေးတက္ကသိုလ် (မန္တလေး)မှာ ပါမောက္ခချုပ်အဖြစ် စတင်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာခင်မောင်လွင်ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေး ဆေးတက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ် ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်ကစလို့ ဆေးတက္ကသိုလ် (မန္တလေး) ကနေ ရှောင်တိမ်းခဲ့ရတဲ့ ဒေါက်တာခင်မောင်လွင်ဟာ လွတ်မြောက်နယ်မြေတစ်ခုမှာ NUG ကျန်းမာရေးဝန်ကြီးဌာန တာဝန်တွေကို ထမ်းဆောင်ရင်းကနေ အခုချိန်မှာတော့ NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းလှမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦး သေပြီး ဒဏ်ရာရ ၂ ဦးလည်း သေဆုံးနိုင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ယောက်သေဆုံးပြီး ၂ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက ပြောပါတယ်။
Read More

ဖားကန့်ကျောက်ဝိုင်း ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ရပေမယ့် ဘယ်အဖွဲ့လာပစ်လဲဆိုတာ အခုထိ မသိရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ မနေ့ညက အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူအများအပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပါတယ်။
Read More

ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါ စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်၊ အရာခံဗိုလ်အပါ စစ်သား ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါအဝင် စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာခံဗိုလ်အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာ ၂ခုကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၊ ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရပြီး သာသနာ့ အဆောက်အဦးများနှင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပါဝင် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးပြီး ဦးဇင်း ၁ ပါး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။