ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မေလ ၆ ရက်ကစတင်ပြီး မေလ ၁၆ ရက် ဒီနေ့အထိ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ PNOပြည်သူ့စစ်နဲ့အတူ ညောင်ရွေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့ ထိစပ်တဲ့ ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနဲ့ လွယ်လုံကျေးရွာဘက်ကို ခန့်မှန်းအင်အား ၆၀၀ ကျော်နဲ့ ကုန်းလမ်းနဲ့ရော ရေကြောင်းကနေပါ ထိုးစစ်ဆင်လာခဲ့တယ်လို့ သိရတယ်။

အဲဒီစစ်ကြောင်းကို ရှမ်းတောင်ကယား (ကရင်နီ) စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်( ၁ ) ရဲ့ စီမံကွပ်ကဲရေးအောက်ရှိ PDF အမှတ် p3-1006 တပ်ရင်း၊ p3-1009 တပ်ရင်းနဲ့ စစ်ရေးအရပူးပေါင်းတိုက်ခိုက်နေတဲ့ ပျားစစ်ကြောင်းတို့က ၁၀ ရက်အတွင်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဘက်က ပြင်းထန်ဒဏ်ရာရရှိသူအများအပြားရှိကာ သေဆုံးသူ ၁၈ ယောက်ထက်မနည်း ရှိတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ တိုက်လေယာဉ်အပြင် တိုက်ခိုက်ရေးဒရုန်းလည်း ပိုမိုအသုံးပြု ထိုးစစ်ဆင်လာပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ အကောင်းဆုံးခံစစ်နဲ့ ဟန့်တားနိုင်ခဲ့သလို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း လက်နက်ကြီးကြောင့် တော်လှန်ရေးရဲဘော် ၂ယောက် အသေးစားဒဏ်ရာရရှိခဲ့ပြီး တပ်ပေါင်းစုက ရဲဘော် ၁ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဆီက MA3 သေနတ် ၃ လက်၊ MA1 သေနတ် ၁ လက် အပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်-သရက်ချောင်းကားလမ်းပိုင်း ရွှေဂူတောင်ကျောင်းပေါ်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၄ ‌ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်-သရက်ချောင်းကားလမ်းပိုင်းရှိ ရွှေဂူတောင်ပေါ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းရန်ကြောင့် အလှူထမင်းစားဖို့ ကြောက်လန့်နေရတဲ့ အညာဒေသ (ရုပ်/သံ)

အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ပြည်သူတွေ လေကြောင်းရန် အထူးသတိပြုဖို့ SAF အသိပေး (ရုပ်/သံ)

နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကို ပြည်သူတွေ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး သတင်းစကားတစ်ရပ်ကို ကျောင်းသားလက်ရုံးတပ်တော် SAF ရဲ့ ရဲဘော်တစ်ယောက်ဖြစ်တဲ့ ဟန်နီနွေဦးက ပြောကြားခဲ့ပါတယ်။
Read More

ဧရာဝတီတိုင်း အမှတ် (၂၉) ဗျူဟာ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဧရာဝတီတိုင်းစစ်ဌာန အမှတ် (၂၉)ဗျူဟာ (AYA PDF) အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ AYA PDF အမှတ်၂၉ ဗျူဟာမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။