ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ PNOပြည်သူ့စစ်နဲ့အတူ မေလ ၆ ရက်ကစလို့ မေလ ၁၆ ရက် ဒီနေ့အထိ ညောင်ရွေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့ ထိစပ်တဲ့ ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနဲ့ လွယ်လုံကျေးရွာဘက်ကို ခန့်မှန်းအင်အား (၆၀၀) ကျော်နဲ့ ကုန်းလမ်းနဲ့ရော ရေကြောင်းကနေပါ ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းကို ရှမ်းတောင်ကယား ( ကရင်နီ)စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်( ၁ ) ရဲ့ စီမံကွပ်ကဲရေးအောက်ရှိ PDF အမှတ် p3-1006 တပ်ရင်း၊ p3-1009 တပ်ရင်းနဲ့ စစ်ရေးအရပူးပေါင်းတိုက်ခိုက်နေတဲ့ ပျားစစ်ကြောင်းတို့က (၁၀) ရက်အတွင်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပြင်းထန်ဒဏ်ရာရရှိသူအများအပြားရှိကာ တိုက်ပွဲအတွင်း သေဆုံးသူ ၁၈ ယောက်ထက်မနည်း ရှိတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ တိုက်လေယာဉ်အပြင် တိုက်ခိုက်ရေးဒရုန်းလည်း ပိုမိုအသုံးပြု ထိုးစစ်ဆင်လာပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ အကောင်းဆုံးခံစစ်နဲ့ ဟန့်တားနိုင်ခဲ့သလို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးမှု များပြားတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အရပ်သားလူထုကို ဦးတည်ကာ ညောင်ရွှေမြို့နယ်ရှိ စွန့်စွဲကျေးရွာက လူနေအိမ် အလုံး ( ၂၀ )ကျော်ကို မိးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း လက်နက်ကြီးကြောင့် တော်လှန်ရေးရဲဘော် ၂ယောက် အသေးစားဒဏ်ရာရရှိခဲ့ပြီး တပ်ပေါင်းစုက ရဲဘော် ၁ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဆီက MA3 သေနတ် (၃)လက်၊ MA1 သေနတ်(၁)လက် စုစုပေါင်း သေနတ်(၄)လက် အပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့တွင်း စစ်ကြောင်းဘက်မှာလည်း မေလ ၁၄ ရက်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသလို ခမရ ၄၂၂ တပ်ရင်းစခန်းဆီ ပြန်လည်ဆုတ်ခွာနိုင်ရေး လက်နက်ကြီးနဲ့ အဆိပ်ငွေ့ဗုံးတွေ အလွန်အကျွံ ပစ်ခတ်တိုက်ခိုက်ပြီး တပ်စခန်းထဲဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုးဗြဲမြို့တွင်း ပြန်လည်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်း ရှိပြီး မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်းနဲ့ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွေမြို့နယ်အစပ်က စစ်ကြောင်းတို့ဖြစ်ကာ တိုက်ပွဲအခြေအနေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ဖမ်းဆီးစုဆောင်းထားတဲ့ စစ်သားတွေဟာ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ( ၁ )ကွပ်ကဲမှုအောက် လာရောက်ခိုလှုံ အလင်းဝင်လာသူ ( ၁၆ ) ယောက်ရှိပြီး NUG စနစ်သစ် ပညာရေးနဲ့ ၂၀၂၃ ခုနှစ်မှာ ဆယ်တန်းအောင်ထားသူလည်း ပါဝင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာတွင် ဆက်ကြေးကောက်ရန်ထွက်လာသည့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါ ရဲ ၄ ဦး သေဆုံး

စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်မှာ အိမ်စီးကားတစီးနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ရာ ရဲအရာရှိ ၃ ယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team ထံက သိရပါတယ်။ 
Read More

နွားထိုးကြီးတွင် စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့်တိုက်ခိုက်၊ ၆ ဦး သေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဘက် စစ်အုပ်စုက ဒရုန်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းချဖို့ မြိုင် ပကဖ က ထုတ်ပြန်

တပ်ရင်းတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ ပစ္စည်းအချို့ကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းမပြုလုပ်ဖို့ မြိုင်ပကဖ က မနေ့က ဇန်နဝါရီလ ၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 
Read More

တပ်မမှူးလိုက်ပါလာသည့် ကားကိုလာကြိုသည့် စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊လကတ (၂၀၃၆) တပ်က တပ်မမှူးလိုက်ပါလာတဲ့ကားကို လာကြိုတဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပခုက္ကူခရိုင်အမှတ် − ၁၉ တပ်ရင်းဆီက သိရပါတယ်။
Read More

ကျားဖြန့်တွေဆီမှာ လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို ထိုင်းအစိုးရထံ DKBA လွှဲပြောင်း

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာ လူကုန်ကူးခံရသူ ၂၆၁ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကနေ ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ 
Read More

အညာဒေသမှာ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက တော်လှန်ရဲဘော်တွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ဖို့၊ ဗုံးခိုကျင်းတွေ စနစ်တကျတူးဖို့နဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို စိုးမိုးနယ်မြေရှိ စစ်ရှောင်ပြည်သူတွေနဲ့အတူ အသိပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။