အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံမှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်နေမှုတွေကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ တရားစွဲဆိုအရေးယူနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲကို NUG အစိုးရရဲ့ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ တောင်ကိုးရီးယားနိုင်ငံရှိ ရှေ့နေတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းလက်နက်ကိုင်တပ် ၂ ခု နယ်မြေအငြင်းပွားတိုက်ခိုက်မှု ဒေသခံအမြောက်အမြား အိန္ဒိယဘက် ထွက်ပြေး

ချင်းကာကွယ်ရေးတပ် (CDF-Hualngoram) နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့အကြား ပြီးခဲ့တဲ့ရက်တွေက နယ်မြေအငြင်းပွားမှုတိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအမြောက်အမြား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းတွေမှာ ရေးထားပါတယ်။ 
Read More

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲမှာ RCSS တက်ရောက်ခဲ့

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြောင်း RCSS က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ မုန့်မျိုးစုံ ထုတ်လုပ်သည့် အလုပ်ရုံမှ ထုတ်ပယ်ခံရသည့် အလုပ်သမားများအတွက် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မုန့်မျိုးစုံထုတ်လုပ်သည့် အလုပ်ရုံကနေ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာပွဲစားအချင်းချင်း မတည့်လို့ တိုင်တန်းမှုကြောင့် ပန်း‌ရောင်ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ၁၃၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။