ပဲခူးတိုင်း၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာကို မေလ ၁၃ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အဘိုးအို ၁ ယောက်နဲ့ အဘွားအို ၁ ယောက် သေဆုံးခဲ့ပြီး အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂) လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူ လူထုကို အခုလို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် KNU နယ်မြေအတွင်း နေထိုင်နေတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောက်ရွံ့မှုများနဲ့ ရှင်သန်နေထိုင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

နေပြည်‌တော်လမ်းပိုင်းမှာ PLA က ၃နာရီကြာ ထိန်းချုပ်စစ်ဆေးစဉ် စစ်ကောင်စီ ဗိုလ်မှူး၊ တပ်ကြပ်နှင့် ရဲဒုတပ်ကြပ်တို့ကို ဖမ်းမိ၊ အပြန်လမ်းမှာ တိုက်ပွဲဖြစ်ပြီး သုံ့ပန်း ၃ ဦးလုံး သေဆုံး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ၃ နာရီကြာ လမ်းထိန်းချုပ်ထားစဉ်မှာ ကပစ ဗိုလ်မှူး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သားပြည်သူ ၈၆ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၈၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သား မြိုင် ပကဖ ထံ လက်နက်နှင့်တကွ ပူးပေါင်း

ပခုက္ကူမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ - တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရ

ရန်ကုန်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က အမှတ် (၃၁) တပ်ရင်း ဖွဲ့စည်း…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ စစ်ဗျူဟာ အမှတ် (၁) က ဖယ်ခုံမြို့နယ် အခြေစိုက်တဲ့ အမှတ်(၃၁)တပ်ရင်းကို စက်တင်ဘာလ ၂ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။