အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက ဦးအောင်မျိုးမင်းဟာ စက်တင်ဘာလ (၁၉)ရက် မနက်ပိုင်းက ကုလသမဂ္ဂ အဆောက်အဦးမှာ ကျင်းပပြုလုပ်တဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သံတမန်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရတဲ့ ရေဘေးဆိုင်ရာအခြေအနေတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
NUG ဝန်ကြီးက လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေသလို နယ်စပ်ဖြတ်ကျော် အစီအစဥ်ကတဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးအပ်စေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
အတိတ်ကာလတွေမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့တိုင်း နိုင်ငံတကာက လူသားချင်း စာနာမှု အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စုက အမြတ်ထုတ် အလွဲသုံးစား ပြုလုပ်လေ့ ရှိတာကြောင့် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှောင်ရှားဖို့ လိုအပ်တယ်လို့လည်း NUG လူအခွင့်အရေးဝန်ကြီးက တင်ပြ တောင်းဆိုခဲ့ပါတယ်။
NUG ဝန်ကြီးက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာကို ထောက်ခံပြီး အဲ့ဒီအစီရင်ခံစာမှာ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေ အတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို လုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါသေးတယ်။
အဲ့ဒီအခမ်းအနားကို Luxembourg သံရုံးက ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး ကုလသမဂ္ဂသံတမန်တွေနဲ့ ကုလသမဂ္ဂရုံးတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်မည်ဟု ဆို

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောပါတယ်။
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆီးဂိမ်းဝင်ပြိုင်နေသည့် မြန်မာဘောလုံး အမျိုးသား၊ အမျိုးသမီးအသင်းများ အုပ်စုအဆင့်မှ လှည့်ပြန်လာရ

အကြမ်းဖက်စစ်တပ်လက်အောက်ကနေ ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသား U23 ဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းတို့ဟာ အုပ်စုအဆင့် နောက်ဆုံးပွဲစဥ်တွေ ယှဥ်ပြိုင်အပြီးမှာ အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
Read More

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။
Read More

ထိုင်း-မလေး ရေနယ်နိမိတ်အတွင်း ရိုဟင်ဂျာလှေနစ်မြုပ်မှု သေဆုံးသူ ၂၇ ဦး အထိ တိုးလာ

ရခိုင်ပြည်နယ်၊ ဗူးသီးတောင်က ရိုဟင်ဂျာတွေအပါအဝင် ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစီး ထိုင်း-မလေးရှား ရေနယ်နိမိတ်ထဲ နစ်မြုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၀ ရက်နေ့အထိ သေဆုံးသူ ၂၇ ယောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။