စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ် ၂ယောက်ထပ်မံ သေဆုံးသွားတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၄ယောက်အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀၀ ကျော်ရှိပြီး အပြင်းအထန်ဒဏ်ရာရရှိသူ ၄၀ ခန့်ရှိတဲ့အတွက် ဆေးဝါးပစ္စည်းလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Video-U Ko Ko
0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်- မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ မတ်လ ၆ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးဖြူးစစ်ကြောင်းထံက သိရပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်းမှ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၅)အတွက် တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က အခြေခံပညာသင်တန်းအပတ်စဉ် (၅) အတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့က ၁၁ ထပ်မြင့်တဲ့ Sky Villa Condo ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနှင့် မျောပါ (ရုပ်/သံ)

ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ လမ်းရေကျော်နေချိန် ဖြတ်မောင်းတဲ့ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနဲ့မျောပါသွားတဲ့အတွက် ဒေသခံပြည်သူတွေက လိုက်လံကယ်ဆယ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်တပ် တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ဒီဇင်ဘာ ၁၁ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။