မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ ကန်နီကျေးရွာရှိ စစ်တပ်စခန်းကို စစ်အုပ်စုတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၁၄ ရက် ဒီနေ့မနက်အစောပိုင်းက မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကနေ အရှေ့ဘက် ရွာတောင်ခြေဘက်ဆီ အင်အား ၃၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမးဖက်စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကင်းပုန်းက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ပျူစောထီး၁ယောက် နေရာတင် မျက်မြင်သေဆုံးကြောင်း ထိခိုက်ဒဏ်ရာအပြင်းထန်ရသူ ၁ယောက်ရှိကြောင်း၊ ထိခိုက်သေဆုံးသူတွေကို ရွာအတွင်း ပြန်လည်သယ်ဆောင်ရင်း တော်လှန်ရေးတပ်တွေရှိရာဆီ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ကန်နီရွာစစ်အုပ်စုတွေကို ပိတ်ဆို့တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုများ

“ကန်နီရွာကနေ သူတို့ထွက်လာပြီး မီတာ ၁၀၀မှာပစ်ခတ်မှုဖြစ်တာပါ။ ကြိုတင်သတင်းရလို့ သွားစောင့်တဲ့ကလေးတွေက ဒီကောင်တွေကို ကပ်ပစ်တာပါ။ ကလေးတွေ ပြောချက်အရ ရော ကင်းထောက်အရ ဒီကောင်တွေဘက်က၁ယောက်သေပြီး၁ယောက်ဒဏ်ရာရတယ်။ ပွဲဖြစ်ပြီး ၄၅မိနစ်လောက်အကြာမှာလာသယ်တယ်။ သေတဲ့ကောင်ကို ကန်နီရွာအနောက် သချိုင်းမှာသဂြိုလ်ကြတယ်။ ” လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မြိုင်မြို့မြောက်ဘက် ၆ မိုင်အကွာမှာရှိတဲ့ ကန်နီပြည်သူ့စစ်ရွာဟာ အိမ်ခြေ ၇၀၀ နီးပါးရှိပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ လက်နက်ကိုင်ရသလို ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မ ဆွဲသွင်းခံထားရတယ်လို့ ဆိုပါတယ်။

အဆိုပါဒေသမှာ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းနဲ့ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ၂၅၆၊ ၂၅၈ တပ်ရင်းက ဗိုလ်မှူး အောင်ရဲကျော်တို့ အဓိက စိုးမိုးနေတာဖြစ်တယ်လို့ သိရပါတယ်။

ကန်နီရွာကို ​တော်လှန်ရေးအင်အားစုတွေက နှစ်ချီကြာ အဖက်ဖက်ကနေ ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး ကျေးရွာအတွင်းကနေ ထွက်ပြေးချင်တဲ့အရပ်သားတွေကို ကယ်ဆယ်ခေါ်ထုတ်ပေးတာနဲ့ လက်နက်နဲ့အလင်းဝင်သူလာတွေကို ဆုငွေချီးမြှင့်ကာ လွတ်​မြောက်နယ်မြေဆီ ပို့ဆောင်ပေးတာတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးစခန်းက ရဲတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ တောင်သူဦးကြီးများ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်ချိန် ရှမ်းမြောက်မှာ အရပ်သားပြည်သူ ၁၀၀၀ကျော် ထိခိုက်သေဆုံးခဲ့

"၁၀၂၇ စစ်ဆင်ရေး"  တစ်နှစ်ပြည့်မြောက်ချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (HRAN)က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့စစ် လူငယ် ၃ဦး ULF စစ်ကြောင်းထံလက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ဟဲကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။