နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သလို ဝါရင့်နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေကတစ်ဆင့် သိရပါတယ်။

တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး ကျောင်းသားဘဝကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို ရှစ်လေးလုံးအရေး​တော်ပုံမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

ပုံစာ – ဒေါက်တာနေဝင်းနဲ့ စစ်အာဏာသိမ်းပြီးကတည်းက တိမ်းရှောင်နေရတဲ့ ဗကသ ခေါင်းဆောင်ဟောင်းတစ်ဖြစ်လဲ သမီးဖြစ်သူ မဖြိုးဖြိုးအောင်တို့ကို ၂၀၁၅ ခုနှစ်က တွေ့ရစဥ်…

အရေးတော်ပုံအပြီး အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (မနတ) မှာ ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးမှုခံရကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။

အဲ့ဒီနောက် ၂၀၀၈ ခုနှစ် နာဂစ်အပြီး မြစ်ဝကျွန်းပေါ်က အရပ်သားပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို သမီးဖြစ်သူ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း မဖြိုးဖြိုးအောင်တို့အဖွဲ့နဲ့အတူ မီးသင်္ဂြိုလ်တာတွေ ပြုလုပ်ခဲ့တာကြောင့် စစ်အစိုးရရဲ့ နှစ်နှစ်ခွဲကျော်ကြာ ဖမ်းဆီးထားခြင်းကို ထပ်မံခံခဲ့ရသူဖြစ်ပါတယ်။

ဒေါက်တာနေဝင်းဟာ စိတ်သဘောထားနူးညံ့သူဖြစ်ပေမဲ့၊ ခံယူချက်ပြင်းသူဖြစ်ပြီး၊ မိမိယုံကြည်ရာကို မယိုင်မလဲ တစိုက်မတ်မတ်ကိုင်စွဲကာ သေဆုံးသည်အထိ စစ်အုပ်စုကို အာခံတော်လှန်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း သူနဲ့ထိတွေ့ဆက်ဆံခဲ့တဲ့ နိုင်ငံရေးသမားအများအပြားက ၄င်းတို့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြကြပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း NUG တရားဝင်ထုတ်ပြန်…

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ဒေသခံ ၅ဦးထက်မနည်း သေဆုံး၊ အယောက် ၂ဝ ခန့် ဒဏ်ရာရ

“ဒဏ်ရာရတဲ့သူက ၁၅၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာက လောလောဆယ်သိရတာ ၅ယောက်။ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်”လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီထောက်တိုင်တွေကို သတင်းပေး တိုင်ကြားနိုင်ကြောင်း တွံတေး ပကဖ ထုတ်ပြန်

မြေပြင်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ စိုးမိုးထိန်းချုပ်နေတဲ့ ကာလဖြစ်တာကြောင့် ဥပဒေမဲ့ပြုကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသဖြင့် နိုင်လိုမင်းထက် ပြုကျင့်တာတွေကို မှတ်တမ်းတင်ပြုစုမှာဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေကို တိုင်ကြားနိုင်တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။