အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေ ထပ်ပြီး မဆုံးရှုံးရစေဖို့ အနုပညာရှင် ခါရာက သူ့ရဲ့ Merchandise Hope ဆွဲကြိုးရောင်းရငွေနဲ့ Facebook Subscription ကရတဲ့ငွေထဲကနေ ငွေကျပ်သိန်း ၂၀ မတည်ပြီး ဗုံးခိုကျင်းကမ်ပိန်းပြုလုပ်ထားပါတယ်။

ဗုံးခိုကျင်းတစ်ခုကို သိန်း ၁၀၀ ခန့်ကျသင့်မှာဖြစ်ပြီး ရရှိလာတဲ့ အလှူ‌ငွေအားလုံးကို ဗုံးခိုကျင်းတည် ဆောက်ဖို့ အသုံးပြုသွားမယ်လို့ သိရပါတယ်။

“စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး” လို့ ခါရာက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က မေလ ၁၂ ရက် မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာရေးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ ဆရာမ စုစုပေါင်း ၂၂ ယောက်သေဆုံးခဲ့ရပါတယ်။

Video-ခါရာ
0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစစ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ မြေအောက်လက်နက်တိုက် ၁ ခုကို KNU ပူးပေါင်းတပ် ရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အနီးရှိ သေ့ဘောဘိုစစ်စခန်းကို သိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ မြေအောက်လက်နက်တိုက် ၁ ခုကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အာဏာရှင်အတွက် အသေခံမလား (သို့) အာဏာရှင်ကို အတူဖြုတ်ချကြမလား (ရုပ်/သံ)

စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ပါတယ်။
Read More

အာယုတောင်ကျေးရွာတွင် အင်အား ၇၀ ခန့်ရှိ စစ်အုပ်စုကို ရေးဘီလူး ဝင်ရောက်တိုက်ခိုက်၊ ပျူခေါင်းဆောင် ဒဏ်ရာရရှိပြီး ပျူ ၄ ဦးသေဆုံး (ရုပ်/သံ)

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

၁၀၂၇ ဒုတိယပိုင်းရဲ့ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပျော်ရွှင်ဖွယ်ပုံရိပ်များ (ရုပ်/သံ)

၁၀၂၇ ဒုတိယပိုင်းရဲ့ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြတဲ့ ဒေသခံပြည်သူတွေရဲ့ ‌‌ပျော်ရွှင်ဖွယ်ပုံရိပ်တွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ထုတ်ပြန်လိုက်ပါတယ်။