မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခေါ်) ဒူးရှည်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့၊ ညနေ ၅ နာရီ အချိန်မှာ ပခုက္ကူမြို့နယ်၊ စက်မှုဇုန် (၆) လမ်းနဲ့ (၇)လမ်းကြားမှာ နေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး ကို စစ်အသုံးဆောင် ပစ္စည်းအချိုနဲ့အတူ ဖမ်ဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဓိကကတော့ မြို့ပေါ်မှာ တခြားစစ်ဆင်ရေးလုပ်ဖို့အတွက် အသွင်ယူပြီးသွားတဲ့အချိန်မှာ သူနဲ့ တွေ့တာပေါ့နော်။ သူ့ကိုတွေ့တဲ့ အချိန်မှာ ဖမ်းဆီးလာတယ်။ သွားလုပ်တဲ့ မစ်ရှင်ကို ဖျက်ခဲ့လိုက်တယ်ပေါ့နော်။ သူ့ကိုပဲ အဓိက ဖမ်းဆီးလာခဲ့လိုက်တယ်။ ပျူခေါင်းဆောင်ဆိုတော့လေ။ သူနဲ့ကလည်း ရုန်းရင်းဆန်ခတ်တော့ မဖြစ်လိုက်ဘူး…. တသာတကြည်ပဲ လိုက်လာတာပေါ့နော်။ အဲ့လို အနေအထားပါ” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်သူကို နယ်မြေခံအဖွဲ့ကနေ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ မစ်ရှင်ကိုတော့ Myingyan Black Tiger (MBT) တပ်ဖွဲနဲ့ ညီနောင်မဟာမိတ်တွေ ပူးပေါင်းကာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး နဂါးမင်း (PDF) ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောထိမြို့နယ်တွင် စစ်အုပ်စု တရက်အတွင်း ၁၂ ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကြဲချ၊ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ဗိုလ်ကြီးသေပြီး ဦးဆောင်သူမရှိတော့တဲ့ စစ်သား ၃ ယောက် TNLA ထံ အလင်းဝင်

အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
Read More

မြင်းခြံမှာ အကြမ်းဖက် သီတာယုမွန်လက်အောက်ခံ စစ်အုပ်စုတွေက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန် လက်အောက်ခံပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

စစ်ကောင်စီက MNDAA ထိန်းချုပ်ထားတဲ့မြို့တွေကို ၃ လအတွင်း ၂၅ ကြိမ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရ

ရှမ်းမြောက်ဒေသက MNDAA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက ၃ လ အတွင်း လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။