ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ (၁၂)ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီတပ်က TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို ဒရုန်းနဲ့ (၁)ကြိမ် လာရောက် ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ညနေပိုင်းမှာပဲ နောင်လင်ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ (၁၀)ကြိမ်၊ အဆိပ်ငွေ့ဗုံး (၃)ကြိမ်၊ လက်နက်ကြီးနဲ့ (၃၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က သရက်ချိုကျေးရွာမှာလည်း အမတ (၉၀၂) ကနေ လက်နက်ကြီးနဲ့ (၄)ကြိမ်၊ ဒရုန်းနဲ့ ဗုံး(၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သလို TNLA တည်ရှိရာ မတ်မန်းတောရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်သက်တမ်း (၁)လတိုးထားပေမယ့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်က ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ကြောင်း TNLA က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကလေးဝမြို့နယ်၊ အောင်ချမ်းသာစခန်းနှင့် မစိန်စခန်းတို့မှ စစ်သား (၁) ဦးနှင့် ပြည်သူ့စစ် (၁) ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ အောင်ချမ်းသာစခန်းနဲ့ မစိန်စခန်းတို့က စစ်သား (၁) ယောက်နဲ့ ပြည်သူ့စစ် (၁) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ် (၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို အကြမ်းဖက် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ (၁) ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ ၃ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့၊ စစ်တပ်က ၇ ယောက်သေပြီး ရန်ကုန်တိုင်း ပကဖ (၁) က ရဲဘော် ၃ ယောက် ကျဆုံး

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ စတင်ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ ၃ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၇ ယောက်သေပြီး ရန်ကုန်တိုင်း ပကဖ (၁) က ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ စစ်ကော်မရှင်တပ်က ဒေသခံများအား အတင်းအဓမ္မ ဖမ်းဆီးကာ ရွေးကောက်ပွဲအတွက် အဓမ္မစေခိုင်းမှုအချို့ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဒေသခံတွေကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပေးမှုအတွက် အတင်းအဓမ္မ စေခိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မြင်းခြံမှာ စစ်အုပ်စုကားတန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ပျူ ၂၀ ကျော် သေဆုံး၊ သေနတ် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂၀ ကျော် မျက်မြင်သေဆုံးပြီး သေနတ်၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကိုပြောပါတယ်။
Read More

စလင်းမှာ ရွာထဲ ရိက္ခာလာလုတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက်ထက်မနည်းဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​ရွာထဲစစ်ကြောင်းဝင်ရင်း အရပ်သားတွေရဲ့ စားနပ်ရိက္ခာတွေလုယူဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ၃ယောက်သေပြီး ၂ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ စက်တင်ဘာ…