ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ PDF 2) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ဦးတည်ပြီး စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းဟာ ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာကို စစ်ကြောင်းထိုးချီတက်လာတာဖြစ်ပြီး ရောက်ရှိရာကျေးရွာတွေရှိ ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဖယ်ခုံ PDF 2 က ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်မှာ သွားလာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုကို ဦးစားပေးကာ အသွားအလာ မပြုလုပ်ဖို့နဲ့ မြေပြင်စစ်ရေးအခြေအနေအရ ကာကွယ်ရေးတပ်တွေ ထုတ်ပြန်တဲ့ စစ်ရေးသတိပေးချက်တွေ လိုက်နာဖို့ ဖယ်ခုံ PDF 2 က သတိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ခမရ (၅၅၈) မှ အဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် စစ်သား (၂) ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်သားက ၇၅ နှစ်အရွယ် အဘွားအိုကို အဓမ္မပြုကျင့်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အဘွားအို ရင်ဆိုင်နေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အသက် ၇၅ နှစ်အရွယ် အဘွားအို ၁ယောက်ကို အကြမ်းဖက်စစ်သားက အဓမ္မကျင့် စော်ကားခဲ့တဲ့အတွက် အဘွားအိုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် ကျူရှင်မသင်ရန် အမိန့်ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်​​ဂေါမြို့နယ်မှာ ကျူရှင်သင်မှု ပိတ်ပင်တားမြစ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့အခြေပြုပညာရေးစနစ်သင်ကြားမှုကို ကမောက်ကမ မဖြစ်စေဖို့နဲ့ ကျောင်းသားတွေကြားခွဲခြားဆက်ဆံမှုတွေမရှိအောင် ရည်ရွယ်တယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ၁ ဦးငြိမ်းသူရက ​မောင်းကို ပြောပါတယ်။
Read More

ပုလောမြို့နယ် လက်ပံ့ပြင်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ၊ ဘာသာရေး အဆောက်အအုံတစ်လုံး ပျက်စီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက စိုးမိုးနယ်မြေအတွင်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ရဲဘော်တွေဟာ တိုက်ပွဲမဖြစ်ပွားတဲ့ စစ်ရေးအားလပ်ချိန်မှာ စိုးမိုးနယ်မြေအတွင်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။