မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်နေတဲ့ ပျူစောထီးဖြစ်သူကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Badassess Burma Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ အဆိုပါ ပျူစောထီးဖြစ်သူ မျိုးအောင်ဟာ ပခုက္ကူမြို့အဝင် တပ်မ (၁၀၁)က ဗိုလ်မှူးတစ်ယောက် ပိုင်ဆိုင်တဲ့ ကာနေဘယ် (KTV) ကို ရောက်ရှိနေကြောင်း ပြည်သူတွေက သတင်းပို့ တိုင်းတန်းခဲ့တာကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – ဖမ်းဆီးရမိသည့် ပျူစောထီးကို လက်နက်နှင့်တကွ တွေ့ရစဉ်

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။

ဖမ်းဆီးမှုမှာ ပျူစောထီး မျိုးအောင်ထံက ZCZ ပစ္စတိုတစ်လက်ကို သိမ်းဆည်းရမိခဲ့ပြီး လက်ရှိမှာတော့ စစ်သုံ့ပန်း ဥပဒေအတိုင်းထားရှိကာ မြို့နယ်လူကြီးတွေနဲ့ ပြောဆိုပြီး နောက်ပိုင်းကိစ္စတွေကို ဆက်လက် စီစဉ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးကို Badassess Burma Force အဖွဲ့နဲ့ ပခုက္ကူမြို့နယ်တပ်ရင်း (၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အများအပြားသေပြီး ၂၀ ကျော် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အခြေစိုက် မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေထံ အမြန်ဆုံး ထောက်ပံ့ကူညီမှုတွေ ပေးအပ်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်တဲ့ဘက်က အမြန်ဆုံး ထောက်ပံ့ကူညီပေးအပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။